အရစ်ကျစနစ်ဖြင့် ကျပ်သိန်းသုံးရာဝန်းကျင် တန်ဖိုးရှိ ကားအသစ်များ အရောင်းအဝယ်ဖြစ်


အရစ်ကျစနစ်ဖြင့် ကား ဝယ်ယူရာ၌ ကျပ်သိန်းသုံးရာခန့် တန်ဖိုးရှိ ကားအသစ်များကို စိတ်ဝင်စားမှု မြင့်တက်နေပြီး ရောင်းအားကောင်းလာကောင်းဧရာဝတီ ဘဏ် Retail Banking ဌာနညွှန် ကြားရေးမှူး က ပြောသည်။

‘‘အရစ်ကျအနေနဲ့ ဝယ်ယူမှု မှာ Toyota Vios တို့ Suzuki အိမ် စီးကားလေးတွေကို ၅၀ ရာခိုင်နှုန်းလောက်ဝယ်ယူကြတယ်။ ကျန် တဲ့ ဝယ်ယူမှုအပိုင်းမှာ အမြင့်ပိုင်း ကားတွေကတော့ ဝယ်ယူမှုရှိပေ မယ့် အစီးအရေအတွက်ကတော့ နည်းတာပေါ့’’ ဟု ၎င်းက ပြော သည်။

 Toyota Vios, Suzuki အ မျိုးအစားများထဲမှ Grade အပေါ် မူတည်၍ ကျပ်သိန်းသုံးရာနှင့် အထက် ကားသစ်များ အရောင်း အဝယ်ဖြစ်နေကြောင်း  ကပြောသည်။

မော်တော်ယာဉ် တင်သွင်း ခွင့် မူဝါဒမထွက်မီ စက်တင်ဘာ ကစ၍ တစ်ပတ်ရစ်ကားဈေးနှုန်း များ မြင့်တက်လာသောကြောင့် ကားသစ်များရောင်းအားကောင်း လာကြောင်း ကားဝယ်ရောင်းလုပ် သူများက ပြောသည်။

‘‘တစ်ပတ်ရစ်ကားတွေ ဈေး တက်သွားတဲ့အခါမှာ လူတော် တော်များများက ဘယ်လိုတွေးလဲ ဆိုတော့ ဒီလောက်ဈေးအများ ကြီးပေးရမှတော့ ဘာထူးတော့ မှာလဲ။ ကားအသစ်ပဲစီးကြတော့ မှာပေါ့ဆိုပြီး အတွေးရလာတယ်’’ ဟု Ford Myanmar မှ ကုန်ပစ္စည်း ဆိုင်ရာ ဈေးကွက်မန်နေဂျာက ပြောသည်။

ထို့ပြင် ကားများကို အရစ် ကျဝယ်ယူရာ၌ တစ်နှစ်၊ ၂ နှစ် အတွင်း တစ်ဆင့် ပြန်လည်ရောင်း ချလိုသူများသည့်အတွက် တစ် ပတ်ရစ်ကားထက် ကားသစ်များ ဈေးကွက်အတွင်း ရောင်းအား ပို ကောင်းလာကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ် ရေးအသင်း အထွေထွေအတွင်း ရေးမှူး က ပြောသည်။

တောင်ကိုရီးယားနိုင်ငံထုတ် လုပ်ငန်းသုံး တစ်ပတ်ရစ်ကားများ ကို အရစ်ကျဝယ်ယူရာတွင် ကား တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပထမ ဆုံးပေးချေပြီး တစ်နှစ်မှ တစ်နှစ် ရှစ်လအတွင်း တစ်လချင်းပေးချေ နိုင်ကြောင်း Global World ကား အရောင်းပြခန်း အရောင်းတာဝန်ခံ က ပြောကြားသည်။

အရစ်ကျပေးချေရာတွင် အ တိုးနှုန်းမယူသော်လည်း အရစ်ကျ ကာလ ကြာရှည်ပါက ကားဈေး အနည်းငယ် ပိုများနိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ကိုရီးယား တစ်ပတ်ရစ် ကားတွေဝယ်မယ်ဆိုရင် အရောင်းပြခန်းကို သေချာရွေးစေချင်တယ်။ ကားအပိုပစ္စည်းတွေ လိုသလောက်ရနိုင်လား။  အရည်အသွေးနဲ့ တာဝန်ယူမှုရှိတဲ့ အရောင်းပြခန်းကို ရွေးချယ်စေချင်ပါတယ်’’ ဟု ပြောသည်။

မော်တော်ယာဉ်တင်သွင်း ခွင့်မူဝါဒ ထွက်ပြီးနောက်ပိုင်း တစ်ပတ်ရစ်ကားဈေးမြင့်တက်လာမှု ကြောင့် ကားဝယ်ယူရန် ချိန်ဆ နေရပြီး အရစ်ကျစနစ်ဖြင့် ကား ဝယ်ယူတွင် အတိုးနှုန်းများမည်ကို စိုးရိမ်ကြောင်း ဆေးကုမ္ပဏီဝန် ထမ်းကိုမျိုးကျော်က ပြောကြားသည်။

‘‘အရင်က သိန်းတစ်ရာ့ငါး ဆယ်လောက်ဆိုရင် ကားအသင့် အတင့်လေးတစ်စီးလောက် ဝယ် လို့ရတယ်။ အခုဈေးတက်လာ တော့ မဝယ်ဘဲဆက်စောင့်ရမ လား။ နယ်ပြန်ရင်လည်း ကိုယ်ပိုင် ကားနဲ့ဆို မိသားစုအတွက် အ ဆင်ပြေတယ်။ အရစ်ကျနဲ့ဝယ် ရင်တော့ ကာလကြာကြာယူရင် ကားဈေးပိုများသွားမှာ’’ဟု ၎င်း ကပြောသည်။

ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ကားဝယ်ယူ ရာ၌ ကုမ္ပဏီဝန်ထမ်းများဖြစ်ပါက ရုံးထောက်ခံစာ၊ သန်းခေါင်စာ ရင်းနှင့် ရရှိသည့်လစာတို့ကို ဖြည့် စွက်၍ ဘဏ်သို့လျှောက်လွှာတင် ရကြောင်း၊ လျှောက်လွှာတင်ပြီး ငါးရက်အတွင်း ပြန်လည်အ ကြောင်းကြားပေးကြောင်း ပြောသည်။

Read 1857 times