ထိုကားအမျိုးအစားမှာ Sport type ကားအမျိုးအစားဖြစ်သည့် ၂၀၀၃ မိုဒယ် Infinity G35 တံခါးနှစ်ပေါက်ကားကိုပြိုင်ကားတစ်စီး၏ဟန်ပန်များပိုမိုပေါ်လွင်အောင် အလှဆင်ထားပုံကို ဖော်ပြထားပါသည်။
အနီရောင်ကိုယ်ထည်တွင် အနက်ရောင်အစင်းကြောင်းများနှင့် color ကစားထားပါသည်။
ကိုယ်ထည်အရှေ့ပိုင်းတွင် Aerodynamic Body Kit များနှင့် Lip များကိုအလှဆင်ထားပါသည်။
နောက်ကြည့်မှန်ကိုလည်း Modified Black Version နှင့် Sport ဆန်ဆန်ဖန်တီးထားပါသည်။
ကိုယ်ထည်အနောက်ပိုင်းမှာ Adjustable Spoiler တပ်ဆင်ထားပါသည်။
အတွင်းခန်းတွင် Bridge Racing Seat များတပ်ဆင်ထားပြီး ကားနောက်ဖုံးထဲတွင် Speaker System နှင့် Entertainment အတွက် Tune ထားပါသည်။
ယင်းကား၏ အင်ဂျင်လုပ်ဆောင်မှုအတွက် S-Max Intercooler ကိုအားဖြည့်တပ်ဆင်ထားပါသည်။
Tubeless တာယာမှာ လက်မနှစ်ဆယ်အရွယ် Deep Dish အလွိုင်းများကို တပ်ဆင်အသုံးပြုထားပါသည်။