အထောက်အကူ ပြုနည်းပညာတစ်ခု ထပ်တိုးပါဝင်လာသော Infiniti Q50 Red Sport 400 AWD 2018


Nissan ပိုင် ဇိမ်ခံကားအမှတ်တံဆိပ် Infiniti သည် ကုမ္ပဏီထုတ် Infiniti G ဆီဒန်မိုဒယ်ကို အစားထိုးထားသော Q50 ကားမိုဒယ်သစ်ကို

၂ဝ၁၃ ခုနှစ်မှာ စတင်ထုတ်လုပ်ဈေးကွက်တင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှာ ထပ်တိုးမွမ်းမံခဲ့ပါသည်။ ၂ဝ၁၈ မိုဒယ်ကိုလည်း မျိုးဆက်သစ်မိုဒယ် ဖန်တီးရမည့်အစား ခပ်ပါးပါးသာ

အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာ တရားဝင်ပွဲထုတ်ပြသခဲ့ပါသည်။
ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ အသစ်မွမ်းမံထားပြီးနည်းပညာသစ်တွေလည်း ထပ်တိုးထည့်သွင်းထားတဲ့ 2018 Infiniti Q50 ဇိမ်ခံဆီဒန်ကားသစ်ကိုလည်း အရင်နှစ်ကလို

Trim Level တွေ ခွဲခြားထုတ်လုပ်ထားရာမှာအဆင့်အမြင့်ဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးကတော့ လေးဘီးယက်စနစ်သုံး Q50 Red Sport 400 AWD ပဲ ဖြစ်ပါတယ်။

Q50 မိုဒယ်သစ်မှာ TRim Level အလိုက် အင်ဂျင်သုံးမျိုး ခွဲခြား ထုတ်လုပ်ထားပါတယ်။ အဆင့်မြင့်ဗားရှင်းတွေလို့ဆိုရမယ့် Q50 Red Sport 400 မှာတော့ မြင်းကောင်ရေ

လေးရာအား 3.0 Liter Twin-Turbo V6 အင်ဂျင် တပ်ဆင်ထားပြီး နောက်ဘီးယက်စနစ်နဲ့ရော လေး ဘီးယက်စနစ်နဲ့ပါ ရရှိနိုင်ပါတယ်။ Q50 Red Sport 400 AWD မှာ

အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကို Manual Mode ပါဝင်တဲ့ Auto ဂီယာခုနစ်ချက်ကနေတစ်ဆင့် ကားဘီးလေးဘီးဆီ ပို့ လွတ်မောင်းနှင်စေမှာပါ။

ကားမှာ Personal ၊ Standard ၊ Snow ၊ Eco ၊ Sport နဲ့ Sport+ ဆိုတဲ့ မောင်းနှင်မှုပုံစံ (Driving Mode) တွေ ပါဝင်ပြီး ဂီယာ၊ ဆိုင်းထိန်းစနစ်၊ စတီယာရင်နဲ့ အင်ဂျင်တုံ့ပြန်မှုတို့ကို

လိုအပ်သလို ချိန်ညှိပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်းမှာ တစ်ဂါလန် ၁၉ မိုင်နဲ့ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၂၆ မိုင်နှုန်းဖြစ်ပြီး စုစုပေါင်းအနေနဲ့ဆိုရင်

တစ်ဂါလန် ၂၂ မိုင်နှုန်းအထိ အသုံးပြု မောင်းနှင်နိုင်ပါတယ်။

တံခါးလေးပေါက် ဆီဒန်ကားသစ် Q50 ရဲ့ ကိုယ်ထည်ဟာ အရင် မိုဒယ်ရဲ့ဒီဇိုင်းကိုပဲ အခြေခံပြီး ၂ဝ၁၈ မိုဒယ်အဖြစ် ခပ်ပါးပါးမွမ်းမံပြောင်း လဲပေးထားပါတယ်။ လက်ရာမြောက်စွာ

တည်ဆောက်ထားတဲ့ ကားရှေ့ မျက်နှာစာကို လှပတင့်တယ်ရုံတင်မကဘဲ လေခွင်းအား ကောင်းစေဖို့ လည်း ဒီဇိုင်းထွင်ဖန်တီးထားပါတယ်။ ကားရှေ့မျက်နှာစာက ခပ်ရင့်ရင့်

ဆေးရောင်တောက်တောက်ဟာ ကားအနောက်ဘက်မှာ ဆေးခြယ်ထားတဲ့ အရောင်အသွေးကို ထင်ဟပ်ပေါ်လွင်စေပြီး ကားတစ်စီးလုံး ပြီးပြည့်စုံလှပ နေပါတယ်။

ကားရှေ့မျက်နှာစာမှာ အထင်ရှားဆုံးက Infiniti ရဲ့ ပင်တိုင် ရှဲလ် (Grille) နဲ့ လက်ရာမြောက်တဲ့ ခပ်ဝပ်ဝပ်ကားစက်ဖုံးတို့ပါပဲ။ အရွယ် အစားကြီးမားတဲ့ ကားရှေ့မီးတွေကတော့

ကားရဲ့ စွမ်းဆောင်ရည်အသား ပေးတဲ့ ရုပ်ထွက်ကို ပိုပြီးပေါ်လွင်စေပါတယ်။ ရှဲလ်ကို ခပ်ပါးပါး ဒီဇိုင်းမွမ်းမံထားပေမဲ့ ကားစက်ဖုံးနဲ့ ကားရှေ့မီးတွေကတော့ အရင်မိုဒယ်နဲ့

သိပ်မကွာခြားပါဘူး။ ရှဲလ်အောက်က လေစုပ်ပေါက်ဟာလည်း အရင် ထက် မသိမသာပိုရှည်ပြီး ဗြက်လည်းပိုကျယ်လာပါတယ်။ လေစုပ်ပေါက် ရဲ့ ဘေးတစ်ဖက်စီမှာ

နှင်းခွဲမီးတွေပါဝင်ပြီး အောက်ဘက်မှာတော့ အရင် ထက် သိသာပေါ်လွင်တဲ့ Front Splitter အသစ်တွေ တပ်ဆင်ပေး ထားပါတယ်။ ကားဘေးဘက်ကိုကြည့်မယ်ဆိုရင်

အထင်ရှားဆုံး ဒီဇိုင်း အပြင်အဆင်ကတော့ ကားရှေ့မီးတွေကနေ ကားတံခါးနှစ်ခုစလုံးကိုဖြတ် သန်းပြီး အထင်အရှားစီးဆင်းလာတဲ့ အတွန့်အချိုးကောက်ကြောင်းလိုင်း ပါပဲ။

ဒါ့ပြင် ကားအနောက်ဘက်တံခါးကနေတစ်ဆင့် ကားနောက်မီးဆီ သွားတဲ့ ကောက်ကြောင်းကိုလည်း ခပ်ခုံးခုံးအနေအထားမျိုး တွေ့မြင်ရပါ တယ်။ ကားဘေးဘက်က

ပြတင်းပေါင်တွေကို ဘေးဘက်နောက်ကြည့် မှန် အထိုင်ခွက်နဲ့ လိုက်ဖက်ညီအောင် ရွန်းစိုတဲ့ အနက်ရောင်အဖြစ် ဖန် တီးဆေးခြယ်ထားပါတယ်။ ဘေးဘက် Side Skirt နဲ့

ကားတံခါးလက် ကိုင်တွေကတော့ အရင်မိုဒယ်နဲ့ အတူတူပါပဲ။ ကားအနောက်ဘက်ဒီဇိုင်း ဟာလည်း အရင်မိုဒယ်နဲ့ အတော်လေးဆင်တူပြီး ကားနောက်မီးတွေကို တော့

ပိုပြီးခေတ်မီသစ်လွင်အောင် မွမ်းမံထားပါတယ်။ ဒါ့ပြင် လိုင်စင် နံပါတ်ပြားနေရာရဲ့ အောက်ဘက်မှာ အရင်လို ခရိုမီယမ်ဘားတန်းထူထူ မရှိတော့သလို အနောက်ဘက်ထောင့်

စွန်းတွေမှာလည်း အရွယ်အစား သေးငယ်တဲ့ Reflector တွေ မပါတော့ပါဘူး။ ကားအနောက်ဘက်မှာ ထူးခြားတာကတော့ ကားနောက်မီးတွေရဲ့ အပေါ်ဘက်အစွန်းအထိ ကား

အနောက်ဘက်စွန်း အလျားအတိုင်း ခပ်ခုံးခုံး ခပ်ဝိုက်ဝိုက် အနေအထား မျိုးဖန်တီးထားတဲ့ ကားနောက်ဖုံးစွန်းပါပဲ။ အရွယ်အစား ကြီးမားလှပတဲ့ အိပ်ဇောပိုက်တစ်စုံကတော့ ကားရဲ့

ပြိုင်ကားဆန်ဆန် သွက်လက်ပေါ့ပါး ဟန်ကို ပိုပြီးပေါ်လွင်အောင် ထောက်ကူပေးပါတယ်။ Q50 Red Sport 400 AWD မိုဒယ်မှာဆိုရင် ၁၉ လက်မအရွယ် အလူမီနီယမ်အလွိုင်း

ကားဘီး လေးဘီးစလုံးကို ရာသီစုံသုံး Run-flat တာယာတွေနဲ့ တွဲဖက် တပ်ဆင်ပေးထားပါတယ်။

ကားကိုယ်ထည်ဒီဇိုင်း လှပသလို ငါးယောက်စီးအတွင်းခန်းကိုလည်း ခေတ်မီအဆင့်မြင့်တဲ့ ဇိမ်ခံကားတစ်စီးအဖြစ် ရိုးရှင်းလှပစွာ ဖန်တီးဒီဇိုင်း ထွင်ပေးထားပါတယ်။ ကားအတွင်းမှာ

Leather ထိုင်ခုံတွေ တပ်ဆင်ပေး ထားပြီး Q50 Red Sport 400 AWD မိုဒယ်ဆိုရင်တော့ ကားထိုင်ခုံမှာ ပိုပြီး ထူးခြားလှပတဲ့ ဒီဇိုင်းကွက်နဲ့ အနီရောင်ချုပ်ရိုးလိုင်းတွေကို ဖန်တီး ထားပါတယ်။

ဒါ့ပြင် စတီယာရင်ကိုလည်း Leather နဲ့ ဆင်ယင်ထားပြီး စတီယာရင်မှာပါဝင်တဲ့ Paddle Shifter လေးတွေကတစ်ဆင့် ကားတွင်း နည်းပညာတွေကို ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။

leather အပြင် ခပ်ရင့် ရင့် ခရိုမီယမ်ရောင်ကိုပါ အသုံးပြုထားတဲ့ ကားအတွင်းခန်းမှာ ခေတ်မီ လှပမှုနဲ့ လက်တွေ့အသုံးကျမှုကို အချိုးအစားညီမျှအောင် စီမံပေးထားပါ တယ်။

Q50 ဆီဒန်ကားသစ်မှာ အဆင့်မြင့်ဇိမ်ခံကားတိုင်းမှာ ပါဝင်လေ့ ရှိတဲ့ ခေတ်မီလုံခြုံရေးနည်းပညာအစုံအလင်ထည့်သွင်းပေးထားပါတယ်။ အထူးခြားဆုံးကတော့ ယာဉ်ကြောကနေ

သွေဖည်မသွားအောင် ထိန်း သိမ်းပေးနိုင်သလို ပုံသေအမြန်နှုန်း၊ ရှေ့ကားနဲ့ အကွာအဝေးတွေကို သတ်မှတ်လို့ရတာကြောင့်လည်း အဝေးပြေးလမ်းတွေမှာမောင်းရင် အထူး အသုံးဝင်တဲ့

ProPILOT Assist ခေါ် ကားမောင်းသူ အထောက်အကူ ပြုနည်းပညာတစ်ခု ထပ်တိုးပါဝင်လာတာပါပဲ။

၂ဝ၁၈ မိုဒယ် Infiniti Q50 ဇိမ်ခံဆီဒန်ကားသစ်ရဲ့ အခြေခံမိုဒယ်အတွက် ဈေးကို အမေရိကန်ဒေါ်လာ ၃၄,၂ဝဝ နဲ့အထက် သတ်မှတ် ထားပြီး အဆင့်အမြင့်ဆုံး Trim Level လို့ဆိုရမယ့်

Q50 Red Sport 400 AWD မိုဒယ်ကတော့ ဒေါ်လာ ၅၃,ဝဝဝ နဲ့အထက် ဖြစ်ပါတယ်။ 2018 Infiniti Q50 ဆီဒန်ကားအတွက် အဓိကပြိုင်ဘက်တွေကတော့ Mercedes-Benz C-Class,

Acura TLX နဲ့ BMW 3 Series တို့ပါပဲ။

Automobile

Read 506 times