အင်ဒိုနီးရှား တစ်ပတ်ရစ်ကားစျေးကွက်အကြောင်း တစေ့တစောင်း


အင်ဒိုနီးရှား တစ်ပတ်ရစ်ကားစျေးကွက်အကြောင်း တစေ့တစောင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


အင်ဒိုနီးရှား တစ်ပတ်ရစ်ကားစျေးကွက်သည် အွန်လိုင်းနည်းပညာများ ထိထိရောက်ရောက် သုံးစွဲနေသည့် ဈေးခင်းတစ်ခုဖြစ်သည်။ လူသစ်တန်း လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဝင်ကစားဖို့ လွယ်ကူမည်၊ အခွင့်အလမ်းများ ရှိနေသည်ဟု ထင်မြင်ရသည်။ 
 
တစ်ပတ်ရစ်ကား ရောင်းချသည့် လုပ်ငန်းကြီးတစ်ခုအဖြစ် ရပ်တည်ရန်မှာ ရောင်းစရာ တစ်ပတ်ရစ်ကားများ ပုံမှန် ရနေဖို့ လိုသည်။ ကားများပြသထားဖို့ အရောင်းပြခန်းများ ဖြန့်ကျက်ထားသော ကွန်ရက် ရှိဖို့ လိုသည်။ ကားဝယ်ယူသူအတွက် ယာဉ်စစ်ဆေးပေးသည့် ဆားဗစ်စင်တာများလည်း ရှိဖို့ လိုသည်။

တစ်ပတ်ရစ် ကားများကုိ ကားဝယ်ရောင်းအငယ်စားများထံမှ ရရှိနိုင်သည်။ ကားစီးသူများ ပြန်ရောင်းချသည့်ကားများကိုလည်း ရရှိနိုင်သည်။ ထိုနှစ်မျိုးစလုံးသည် အရေအတွက်နည်းပါးသည့်အပြင် ပုံမှန် မရရှိနိုင်ချေ။
ကားအငှားလုပ်ငန်းများထံမှသာ တစ်ပတ်ရစ်ကားများ အလုံအလောက် ပုံမှန် ရရှိနိုင်သည်။
ကားအငှားလုပ်ငန်းများက အငှားသက်တမ်းစေ့သည့်ကားများကို ပြန်ရောင်းထုတ်ကြသည်။ သို့သော် လုပ်ငန်းခွဲထံ ရောင်းချကြသဖြင့် အပြင်လူ ဝယ်ယူဖို့ ခဲယဉ်းသည်။

တစ်ပတ်ရစ်ကားများ ရောင်းချသည့် Autopedia Sukses Lestari ၏ မိခင်လုပ်ငန်း Adi Sarana Armada သည် အင်ဒိုနီးရှားတွင် အကြီးမားဆုံး ကားအငှားလုပ်ငန်းကို ပိုင်ဆိုင်ထားသည်။ ကားစီးရေ ၂၉,၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်နေသည်။
နှစ်စဉ်နှစ်တိုင်း အစီးရေ ၄,၀၀၀-၅,၀၀၀ အငှားသက်တမ်းစေ့သည်။ ထိုကားများကို ရောင်းချသည်။ ထိုအခါ Autopedia Sukses Lestari ၏ တစ်ပတ်ရစ်ကား အွန်လိုင်းပလက်ဖောင်း Caroline တွင် ပြသပြီး ရောင်းချသည်။
 
Autopedia ၏ လုပ်ငန်းခွဲ JBA Bid Win သည် တစ်ပတ်ရစ်ကား လေလံတင်သည့် လုပ်ငန်းဖြစ်သည်။ တစ်ပတ်ရစ်ကား လေလံတင်သည့်ဈကွက်တွင် ဈေးကွက်ဝေစု ၄၀% ရရှိထားသည်။

အင်ဒိုနီးရှားတွင် ဒုတိယအကြီးဆုံး ကားအငှားလုပ်ငန်း Serasi Autoraya သည် Astra International ၏ လက်အောက်ခံ လုပ်ငန်းဖြစ်ပြီး ကားအစီးရေ ၂၄,၅၀၀ ဖြင့် လုပ်ငန်းလည်ပတ်နေပါသည်။ ၎င်းကလည်း နှစ်စဉ် တစ်ပတ်ရစ်ကား အစီးရေ လေးငါးထောင်ကို ရောင်းချသည်။
ထို့အတွက် Astra International တွင် တစ်ပတ်ရစ်ကား အွန်လိုင်း ပလက်ဖောင်း PT Astra Digital Mobil ကို အသုံးပြုသည်။ တစ်ပတ်ရစ်ကားများ၏ အရည်အသွေးအတွက် လုပ်ငန်းစု လက်အောက်မှ Toyota နှင့် Daihatsu ဖြန့်ဖြူးသူက အာမခံချက် ပေးသည်။ 

Astra တွင်လည်း လက်အောက်ခံ လေလံလုပ်ငန်း  IBD ရှိသည်။

မလေးရှားအခြေစိုက် Carsome နှင့် စင်ကာပူမှ Carro တို့ အပါအဝင် ပြည်ပမှ တစ်ပတ်ရစ်ကားအရောင်းလုပ်ငန်းများ အင်ဒိုနီးရှား ဈေးကွက်ထဲသို့ ဝင်ရောက်လုပ်ကိုင်ကြသည်။
၎င်းကုမ္ပဏီ နှစ်ခုသည် အင်ဒိုနီးရှားတွင် အရောင်းပြခန်းများ ဖွင့်လှစ်ကြသည်။

Carro က ကားအငှားလုပ်ငန်း MPM Rent တွင် ရှယ်ယာ ၅၀% ကို ကန်ဒေါ်လာ ၅၄ သန်းဖြင့် ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ MPM Rent သည် ကားအစီးရေ ၁၃,၀၀၀ ဖြင့် လုပ်ငန်းလာ်ပတ်နေသည်။ သို့ဖြစ်ရာ Carro အနေဖြင့် တစ်ပတ်ရစ်ကားများ ပုံမှန် ရရှိနေမည်။


Carsome သည် ကားအငှားလုပ်ငန်းနှင့် ချိတ်ထားနိုင်ခြင်း မရှိသေးသော်လည်း တစ်ပတ်ရစါကားများနှင့် မော်တော်ဆိုင်ကယ်များ လေလံလုပ်ငန်း PT Universal Collection တွင် ရင်းနှီးမြှုပ်နှံမှု ပြုထားသည်။


အိန္ဒိယ အခြေစိုက် တပတ်ရစ်ကားစျေးခင်း Cars24 သည် အင်ဒိုနီးရှားစျေးကွက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ Cars24 သည် အင်ဒိုနီးရှားစျေးကွက်သို့ အရောက်နောက်ကျသည်။ အွန်လိုင်းသက်သက် ပုံစံဖြင့် ထိုးဖောက်ဖို့ ကြိုးစားခဲ့သည်။ အရာမတွင်သဖြင့် နောက်ပြန်ဆုတ်သွားသည်။
Source indocar
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 289 times