မတ် ၂၀ ရက်မှစတင်၍ အင်ဒိုနီးရှား အစိုးရ လျှပ်စစ်ယာဉ်များအတွက် မက်လုံးများ ပေးမည်


မတ် ၂၀ ရက်မှစတင်၍ အင်ဒိုနီးရှား အစိုးရ လျှပ်စစ်ယာဉ်များအတွက် မက်လုံးများ ပေးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အင်ဒိုနီးရှားအစိုးရသည်  လျှပ်စစ်ယာဉ်များ ရောင်းအား မြှင့်တင်ရန် မက်လုံးများ ပေးမည့် အစီအစဉ်ကို မတ် ၂၀ ရက်မှာ စတင်မည်။
လျှပ်စစ်ယာဉ်များ သုံးစွဲမှု အရှိန်တင်ရန်နှင့် အီးဗီ ထုတ်လုပ်သည့်ကုမ္ပဏီများ အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်ရန် ရည်ရွယ်ချက် ထားရှိသည်ဟု အစိုးရအဖွဲ့ ဝါရင့်ဝန်ကြီး Luhut Pandjaitan က ပြောကြားသည်။

 အဆိုပါ မက်လုံးပေးအစီအစဉ်တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၂၀၀,၀၀၀ နှင့် လျှပ်စစ်ကား အစီးရေ  ၃၅,၉၀၀ ရောင်းချခြင်း အကျုံးဝင်သည်ဟု စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က ပြောကြားသည်။ ထို့ပြင် ဓာတ်ဆီအင်ဂျင် မော်တော်ဆိုင်ကယ်များကို လျှပ်စစ် မော်တော်ဆိုင်ကယ် အဖြစ်သို့ ပြောင်းလဲခြင်း အစီးရေ ၅၀,၀၀၀ လည်း အကျုံးဝင်သည်။
 
သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သည့် ၎င်းဝန်ကြီးနှစ်ဦးက မက်လုံးအစီအစဉ်အတွက် ထားရှိသည့်  ဘတ်ဂျက်ကို ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း လျှပ်စစ်မော်တော်ဆိုင်ကယ်အသစ် တစ်စီးတိုင်းနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်သို့ ပြောင်းလဲသည့် အစီးတိုင်းကို တစ်စီးလျှင် ရူပီယာ ၇ သန်း (ဒေါ်လာ ၄၅၇.၈၂) ကို ထုတ်လုပ်သူနှင့် လက်လီရောင်းချသူများထံ ထုတ်ပေးမည်ဟု ပြောကြားသည်။

“ကမ္ဘာ့ကားထုတ်လုပ်သူ လုပ်ငန်းကြီးနှစ်ခုနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အပြီးသတ်နေပါတယ်။မက်လုံးမူဝါဒအသစ်က ကျွန်‌ေတာ်တို့ရဲ့ ရပ်တည်ချက်ကို ယခင်ကထက် ပိုမိုအားကောင်းလာစေမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က မက်လုံးတွေ မပေးရင် သူတို့က ကျွန်တော်တို့ဆီ လာမှာ မဟုတ်ဘူး” ဟု Luhut က ပြောကြားသည်။

အဆိုပါ လုပ်ငန်းကြီး နှစ်ခုမှာ အမေရိကန်မှ Tesla  န‌ှင့် တရုတ်မှ BYD Auto ဖြစ်မည်ဟု ယူဆရသည်။
 တောင်ကိုရီးယားနိုင်ငံမှ LG နှင့် Hyundai တို့သည် ဘက်ထရီနှင့် လျှပ်စစ်ကားများ တပ်ဆင်ရန်အတွက် စက်ရုံများကို စတင်တည်ဆောက်နေပြီဖြစ်သည်။

မက်လုံးပေးအစီအစဉ်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီသော ကုမ္ပဏီများသည် အင်ဒိုနီးရှားတွင် စက်ရုံတစ်ရုံရှိရန် လိုအပ်ပြီး ပြည်တွင်း အစိတ်အပိုင်း ပါဝင်မှု သတ်မှတ်ချက်ကို ပြည့်မီရန် လိုအပ်ကြောင်း Agus မှ ပြောကြားခဲ့ပါသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 250 times