စားအုန်းဆီ ၄၀% ပါ ဘိုင်အိုဒီဇယ် အင်ဒိုနီးရှား စမ်းသပ် 


စားအုန်းဆီ ၄၀% ပါ ဘိုင်အိုဒီဇယ် အင်ဒိုနီးရှား စမ်းသပ် 

အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ ၄၀ ရာခိုင်နှုန်းပါဝင်သော ဇီဝဒီဇယ်အမျိုးအစားနှစ်မျိုးဖြင့် ကားမောင်းနှင်ခြင်းများကို ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၇) တွင် စတင်စမ်းသပ်ခဲ့ပါတယ်။

အများသူငှာ အသုံးပြုရန် အလားအလာရှိမရှိ ဆိုတာကို ယခုနှစ်ကုန်ပိုင်းတွင် ကောက်ချက်ချရန် မျှော်လင့်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် နိုင်ငံတွင်း ရောင်းချနေတဲ့ ဒီဇယ်အားလုံးတွင် စားအုန်းဆီ ၃၀% ပါဝင်ရမည်လို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ကမ္ဘာပေါ်မှာ စားအုန်းဆီ ရာခိုင်နှုန်းအများဆုံး ထည့်သုံးထားတဲ့ ဇီဝဒီဇယ်အမျိုးအစား ဖြစ်ပြီး ယခုအခါ နောက်ထပ် ၁၀% ထပ်တိုးထည့်ပြီး စမ်းသပ်မောင်းနှင်ကြည့်နေတာ ဖြစ်ပါတယ်။

စားအုန်းဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ကားမှ လေယာဉ်အထိ လောင်စာဆီမှာ  စားအုန်းဆီ ရောထည့်ပြီး သုံးစွဲသွားဖို့ ရေရှည် အစီအစဉ်များ ချမှတ်ထားပါတယ်။ စားအုန်းဆီ ရောထည့်ပြီး သုံးခြင်းဖြင့် ပြည်ပမှာ လောင်စာဆီ တင်သွင်းနေရတဲ့ ပမာဏ လျော့နည်းစေမှာ ဖြစ်ပါတယ်။

ယမန်နှစ်က ဂျက်လေယာဉ်ဆီထဲ စားအုန်းဆီထည့်ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်ခဲ့ပါတယ်။ 

ယခုစမ်းသပ်နေတာက စားအုန်းဆီ ၄၀%ပါ ဇီဝဒီဇယ် biodiesel ဖြစ်ပြီး အတိုကောက်အားဖြင့် စားအုန်းဆီ ၄၀% ပါလို့ B40  လို့  ခေါ်ဝေါ်ကြပါတယ်။ 

စားအုန်းဆီ ၄၀% ကို အတိအကျ ပြောရရင်  fatty acid methyl esters (FAME) ၄၀% ဖြစ်ပါတယ်။ 

FAME ၄၀% မှာ B30D10 အချိုးအစားဖြင့် ရောနှောထားပါတယ်။ 

B30 က FAME ၃၀% ကို ဆိုလိုပါတယ်။ ကျန်တဲ့ ၁၀% က စားအုန်းဆီမှ ရတဲ့ ဒီဇယ် ဖြစ်ပါတယ်။ အဲဒီဒီဇယ်ကို RBDPO refined, bleached and deodorised palm oil လို့ ခေါ်ပါတယ်။

စားအုန်းဆီ ဘိုင်အိုဒီဇယ်ကို ကားဆရာတွေ မကြိုက်ကြဘူး။ အင်ဂျင် ဆီးလ်များနှင့် ဂက်စကက်တို့ကို သားပစ်တဲ့ အက်စစ်တစ်မျိုး ထွက်တယ်လို့ ဆိုပါတယ်။ ရာသီဉတု အေးရင် ဆီက ခဲပျစ်နေပါတယ်။

အိမ်စီးကား မော်ဒယ်အမျိုးမျိုးနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်အမျိုးမျိုး စုစုပေါင်း ၁၂ စီးဖြင့် စမ်းသပ်ပါတယ်။ အိမ်စီးကား မော်ဒယ်များကို ခရီး ကီလိုမီတာ ၅၀,၀၀၀ ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များကို ခရီး ကီလိုမီတာ ၄၀,၀၀၀ မောင်းနှင်မှာ ဖြစ်ပါတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြန်ပြည့်မြဲစွမ်းအင်ဌာနမှူး Dadan Kusdiana က ပြောကြားပါတယ်။

#MyanmarAutomobileGuide 

Telegram Channel  https://t.me/Guid4U

Source: Reuters

Read 872 times