အင်ဒိုနီးရှား အီးဗီ သွင်းကုန်ခွန် မူဝါဒ ဖြေလျှော့


အင်ဒိုနီးရှား အီးဗီ သွင်းကုန်ခွန် မူဝါဒ ဖြေလျှော့

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ကားစက်ရုံများ ဆောက်လုပ်ရန် စီစဉ်နေသည့် မော်တော်ကားထုတ်လုပ်သူများကို ၂၀၂၅ခုနှစ်အထိ အပြည့်အ၀တပ်ဆင်ထားသော (CBU-completely built-up)အီးဗီများတင်သွင်းမှုအပေါ် အခွန်မက်လုံးများ ပေးမည်ဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သော စည်းမျဉ်းအသစ်အရ  အင်ဒိုနီးရှားရှိ အီးဗီစက်ရုံများတွင် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေလျှင်ဖြစ်စေ ၊ ၎င်းတို့၏ အီးဗီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန် စီစဉ်နေလျှင် ဖြစ်စေ အခွန် မက်လုံးများအတွက် အကျုံးဝင်မည်ဖြစ်သည်။


စည်းမျဉ်းအသစ်အရ  CBU အီးဗီ တင်သွင်းမှုအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်များ၊ ဇိမ်ခံပစ္စည်း အရောင်းခွန်တို့ကို ရုပ်သိမ်းပေးထားသည်။ ပြည်နယ်  အစိုးရမှ စည်းကြပ်မည့် အခွန်များကိုလည်း ရုပ်သိမ်းပေးထားသည်။ 

ယခင် စည်းမျဉ်းအဟောင်းတွင် အစိတ်အပိုင်းများအဖြစ်ဖြင့် တင်သွင်းလာပြီး အင်ဒိုနီးရှားတွင် တပ်ဆင်ထုတ်လုပ်မည့် အီးဗီများကိုသာ အခွန်များ ပလပ်ပေးထားသည်။ 

ယခုလို ဖြေလျှော့ပေးရာ၌ ရင်းနှီးမြှုပ်နှံမှု အရွယ်အစား၊ စက်ရုံ ဆောက်လုပ်ရာ၌ ပြီးစီးမှု အခြေအနေတို့ကို ထည့်သွင်းစဉ်းစားပြီး တင်သွင်းရန် ခွင့်ပြုမည့် အစီးရေကို သတ်မှတ်ပေးမည် ဖြစ်သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနထံမှ အတည်ပြုချက် ရယူရန် လိုအပ်သည်။ 

စည်မျဉ်းအသစ်သည် အီးဗီတစ်စီးတွင် အင်ဒိုနီးရှား ပြည်တွင်းမှာ ထုတ်လုပ်သည့် အစိတ်အပိုင်း အနည်းဆုံး ၄၀% ပါရမည့် နောက်ဆုံးသတ်မှတ်ရက်ကိုလည်း ရွှေ့ဆိုင်းထားသည်။ ယခင်က ၂၀၂၃ ခုနှစ်ဟု သတ်မှတ်ထားသည်ကို ၂၀၂၆ ခုနှစ်ဟု ပြင်ဆင်သတ်မှတ်ပေးထားသည်။ 
ထို့ပြင် အင်ဒိုနီးရှား ပြည်တွင်းမှာ ထုတ်လုပ်သည့် အစိတ်အပိုင်း အနည်းဆုံး ၆၀% ပါရမည့် နောက်ဆုံးသတ်မှတ်ရက်ကိုလည်း ရွှေ့ဆိုင်းထားသည်။  ယခင်က ၂၀၂၄ ခုနှစ်ဟု သတ်မှတ်ထားသည်ကို ၂၀၂၇ ခုနှစ်ဟု ပြင်ဆင်သတ်မှတ်ပေးထားသည်။ 

 Hyundai, Mitsubishi Motors နှင့် Neta EV  တို့သည် အင်ဒိုနီးရှားတွင် အီးဗီ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံထားကြသည်။ 

Source reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 183 times