အင်ဒိုနီးရှား မော်တော်ယာဉ်တင်ပို့မှု ၂၀ ရာခိုင်နှုန်း တိုးမြှင့်ရန် မျှော်မှန်း


အင်ဒိုနီးရှား မော်တော်ယာဉ်တင်ပို့မှု ၂၀ ရာခိုင်နှုန်း တိုးမြှင့်ရန် မျှော်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ကားအစီးရေ ၆ သိန်း တင်ပို့ရန် လျာထားကြောင်း စက်မှုဝန်ကြီးဌာနက ပြောကြားသည်။ ယခင်နှစ်က တင်ပို့ခဲ့သည့် ကားအစီးရေထက် ၁ သိန်း ပိုများပါသည်။ ရာခိုင်နှုန်းအားဖြင့် ၂၀% ပိုများပါသည်။ 

အင်ဒိုနီးရှားတွင် ကားထုတ်လုပ်သည့် ကုမ္ပဏီ ၂၁ ခု ရှိနေပြီး တနှစ်လျှင် အစီးရေ ၂ ဒသမ ၃၅ သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ 

 

အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီး Agus Gumiwang Kartasasmita က ကားထုတ်လုပ်ရေး လုပ်ငန်းတခုက ပြည်ပတင်ပို့မှု တိုးချဲ့မည်ဟု ကတိပေးထားကြောင်း ပြောကြားသည်။

"မစ်စူဘီရှီက ဩစတေးလျကို ကားတွေ တင်ပို့မယ်လို့ ကျွန်တော်တို့ကို ကတိပေးထားပါတယ်"ဟု ဝန်ကြီးက ပြောကြားသည်။ 

.

အင်ဒိုနီးရှား ကားလုပ်ငန်းကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ပြည်တွင်းရောင်းအား ၄% လျော့ကျခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ပြည်တွင်းရောင်းအား  အစီးရေ ၁.၀၅ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အစီးရေ ၁ သန်း ရောင်းချခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ မော်တော်ယာဉ်လုပ်ငန်းများ အသင်း  Association of Indonesian Automotive Industries (Gaikindo)မှ အချက်အလက် ထုတ်ပြန်သည်။

 

.ပြည်တွင်း ရောင်းအား ကျဆင်းခဲ့ရသည်မှာ ဘဏ်ချေးငွေများ ထုတ်ပေးရာတွင် နှေးနေသဖြင့် ချေူငွေဖြင့် ကားဝယ်မည့်သူများ အခက်တွေ့ခဲ့ကြသည်ဟု Agus က ပြောကြားသည်။ 

နိုင်ငံ့စီးပွားရေး ကြီးထွားနှုန်း အားပျော့နေခြင်းနှင့် ချေးငွေအတွက် ဘဏ်တိုးနှုန်း မြင့်နေခြင်းတို့ကြောင့်လည်း ကားအသစ်များ ရောင်းအား လျော့ကျပါသည်။  

 

Source jktpost


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 409 times