၃ နှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်းများ အီးဗီကိုသာ ပြောင်းလဲသုံးစွဲကြရန် အင်ဒိုနီးရှားအစိုးရပြဋ္ဌာန်း


၃ နှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်းများ အီးဗီကိုသာ ပြောင်းလဲသုံးစွဲကြရန် အင်ဒိုနီးရှား အစိုးရ ပြဋ္ဌာန်း

 

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

အင်ဒိုနီးရှားနိုင်ငံက ၂၀၆၀ တွင် အသားတင်ထုတ်လွှတ်မှု သုည net zero emissions သို့ ရောက်ရှိရန် ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံပိုင်ကုမ္ပဏီများအားလုံး သုံးနှစ်အတွင်း လျှပ်စစ်ကားများကို ပြောင်းလဲအသုံးပြု‌ရန် ပြဋ္ဌာန်းလိုက်ပါတယ်။

အင်ဒိုနီးရှား အစိုးရက နိုင်ငံပိုင် ဘတ်စ်ကားအော်ပရေတာ Perum PPD နှင့် DAMRI တို့ကို ၎င်းတို့၏ ဘတ်စ်ကားများအားလုံး လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်နေစေဖို့  တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဝန်ကြီး Erick Thohir က ပြောကြားခဲ့ပါတယ်။ အဆိုပါ နိုင်ငံပိုင် လုပ်ငန်း ၂ ခုမှာ စုစုပေါင်း ဘတ်စ်ကားစီးရေ ၃,၅၀၀ ခန့် ရှိပါတယ်။ 

"သူတို့ လျှပ်စစ်ဘတ်စ်ကား ပြောင်းသုံးဖို့အတွက် ဘတ်စ်ကား အကုန်လုံး ဝယ်စရာမလိုဘူး။ ငှားသုံးလို့ ရပါတယ်" လို့ ဝန်ကြီးက ပြောကြားပါတယ်။ 
 နိုင်ငံပိုင် ဘတ်စ်ကားကုမ္ပဏီများကို အတိုင်းအတာ တစ်ခုအထိ အထိုက်အလျောက် ချေးငွေထုတ်ချေးနိုင်ကြောင်း  ၎င်းက ပြောကြားပါတယ်။ 
သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်ဆိုင်ရာ လေထုညစ်ညမ်းမှုရဲ့ လေးပုံတစ်ပုံကို ဖြစ်ပွားနေစေကြောင်း အစိုးရလေ့လာမှုတစ်ခုအရ သိရပါတယ်။ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ ဒုတိယအများဆုံးကဏ္ဍ ဖြစ်ပါတယ်။ 
ပထမအများဆုံးကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ ဖြစ်ပြီး ကျောက်မီးသွေး လောင်စာ သုံးစွဲမှုများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
 Source Bangkokpost 
 

Read 251 times