အင်ဒိုနီးရှား အီးဗီဈေးကွက် ပါဝင်သူ ပိုများလာ


အင်ဒိုနီးရှား အီးဗီဈေးကွက် ပါဝင်သူ ပိုများလာ

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

အင်ဒိုနီးရှား လျှပ်စစ်ကားစျေးကွက်ထဲသို့ တရုတ် အီးဗီထုတ်လုပ်ရေး လုပ်ငန်းမှား အစီအရီ ဝင်ရောက်လာကြပါတယ်။ ကိုရီးယား အီးဗီ ထုတ်လုပ်ရေး လုပ်ငန်းကလည်း အငိဒိုနီးရှားကို ဗဟိုချက်ထားပြီး အီးဗီ ထုတ်လုပ်နေပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးဖြစ်ပြီး လူဦးရေ ၆၇၅ သန်းရှိတဲ့ အင်ဒိုနီးရှားမှာ အိမ်စီးကား တစ်နှစ်တာရောင်းအား ၂၀၄၀ မှာ ၅ သန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

Toyota, Honda, Mitsubishi, Daihatsu, Mazdaတို့ရဲ့ ဈေးအလယ်အလတ်တန်းဖြစ်တဲ့ အိမ်စီးကားများက ဈေးကွက်ကို ကြီးစိုးထားပါတယ်။  
အင်ဒိုနီးရှားမှာ ၂၀၁၉ ခုနှစ်အတွင်း ရောင်းချခဲ့တဲ့  SUV များ အပါအဝင် အိမ်စီကားများရဲ့ ၇၈% ခန့်ဟာ $20,000 အောက် ကားများ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာ အင်မတန်ရောင်းအားကောင်းတဲ့ Hongguang Mini EV ကားအသေးစား ထုတ်လုပ်တဲ့ တရုတ်ကားကုမ္ပဏီ Wuling က အင်ဒိုနီးရှားဈေးကွက်မှာ $16,000 တန် အီးဗီအသေးစားဖြင့် ထိုးဖောက်မှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး Pertamina က အီးဗီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ကျောထောက်နောက်ခံပြုပေးထားပါတယ်။

အီးဗီဈေးကွက်က စတင်ကြီးထွားလာနေစဉ် SAIC, Wuling, Great Wall, BYD, Hyundai, VinFast တို့က ဈေးကွက်မှာ ခြေကုပ်ရဖို့ ကြိုးစားနေကြပါတယ်။ ဂျပန်ကားကုမ္ပဏီတွေက အီးဗီအရွေ့အပြောင်းမှာ နောက်ကျကျန်ရစ်တာ တွေ့ရပါတယ်။
Source Bloomberg
#MyanmarBuilderGuide 

Join Telegram Channel  
https://t.me/Guid4U

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

 

Read 305 times