အိန္ဒိယ ဈေးအသက်သာဆုံး လျှပ်စစ်စမတ်ကားငယ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အိန္ဒိယဈေးကွက်မှာ ဈေးအသက်သာဆုံး လျှပ်စစ်ကားကို နိုဝင်ဘာလ ၁၆ ရက်မှာ အမှာစာ စတင်လက်ခံပါမယ်။
အိန္ဒိယဈေးကွက်ရဲ့ ဈေးသက်သာပြီး အရည်အသွေး ကောင်းမွန်တဲ့ Maruti Suzuki ရဲ့ Alto ထက် ဈေးပိုသက်သာပါတယ်။
ပြည်သူများအတွက် နေ့စဉ်သုံး e-car ဖြစ်လာဖို့ ရည်မှန်းချက် ထားရှိပါတယ်။ နေ့စဉ်သွားမှု ခရီးတိုများအတွက် ဖြစ်ပါတယ်။
.
အီးဗီကဏ္ဍမှာ တစ်ကိုယ်ရေ ရွေ့လျားသွားလာနိုင်တဲ့ လျှပ်စစ်သုံးယာဉ် Electric Personal Mobility Vehicle (PMV) အပိုင်းအကန့်မှာ စာရင်းဝင်တဲ့ အီးဗီ ဖြစ်ပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီက မွမ်ဘိုင်းမြို့မှ လုပ်ငန်းသစ် PMV Electric ဖြစ်ပါတယ်။
အီးဗီ မော်ဒယ်က EaS-E ဖြစ်ပါတယ်။
EaS-E ရဲ့ မောင်းနှင်နိုင်တဲ့ အမြန်ဆုံး အမြန်နှုန်းက တစ်နာရီ ကီလိုမီတာ ၇၀ ဖြစ်ပါတယ်။
PMV EaS-E မှာ မူကွဲ ၃ မျိုး ရှိပြီး ခရီးတာ ၁၂၀ ကီလိုမီတာ မှ ၂၀၀ ကီလိုမီတာအထိ အစားစား ရှိပါတယ်။
cruise control, remote parking assist စတာတွေ ပါတဲ့ စမတ်ကား ဖြစ်ပါတယ်။
ဘက်ထရီ အားသွင်းချိန် အများဆုံး ၄ နာရီ ဖြစ်ပါတယ်။ ကားဝယ်ရင် 3 kW AC charger တစ်ပါတည်း ပါလာမှာ ဖြစိပါတယ်။
၂ ယောက်စီး ကားငယ်ဖြစ်ပြီး ခရီးတာ ၁၆၀ ကီလိုမီတာ သွားနိုင်တဲ့ အမျိုးအစားကို ရူပီ ၄~၅ သိန်း ဈေးသတ်မှတ်ဖို့ လျာထားပါတယ်။
ကားငယ်ရဲ့ အရွယ်အစားက
အလျား 2,915 mm
အကျယ် 1,157 mm
အမြင့် 1,600 mm
ဖြစ်ပါတယ်။
ရှေ့နှင့်နောက် ဘီးများ ကြားအကွာအဝေး 2,087 mm ဖြစ်ပါတယ်။
ဗိုက်အမြင့် 170 mm ဖြစ်ပါတယ်။
ယာဉ်အလေးချိန် ၅၅၀ ကီလိုဂရမ် ရှိပါတယ်။
မီနီထက် သေးတဲ့ မိုက်ခရို လျှပ်စစ်ကား micro electric car ဖြစ်လို့ ရပ်ဖို့နေရာ ကျဉ်းကျဉ်းသာ လိုအပ်မှာ ဖြစ်ပါတယ်။
ကားအတွင်းမှာ digital infotainment system ၊ USB အားသွင်းပေါက်၊ အဲကွန်း၊ အဝေးထိန်းကားသော့တို့ ပါဝင်ပါတယ်။
ရူပီ ၃,၀၀၀ စရံသတ်ပြီး အမှာစာ စာရင်းပေးသွင်းနိုင်ပါတယ်။
Source indiaweb2
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4