ပြည်တွင်းကုမ္ပဏီများက ဆန့်ကျင်နေသောကြောင့် အိန္ဒိယအစိုးရ အီးဗီ သွင်းကုန်ခွန် လျှော့ချရန် မဆုံးဖြတ်နိ


ပြည်တွင်းကုမ္ပဏီများက ဆန့်ကျင်နေသောကြောင့် အိန္ဒိယအစိုးရ အီးဗီ သွင်းကုန်ခွန် လျှော့ချရန် မဆုံးဖြတ်နိုင် ဖြစ်နေ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပြည်တွင်းမှာ ကားထုတ်လုပ်မည်ဟု ကတိပြုသည့် ကားထုတ်လုပ်ရေးလုပ်ငန်းမှ တင်သွင်းရောင်းချမည့် အီးဗီများအပေါ် စည်းကြပ်မည့် အခွန်များ လျော့ပေါ့ပေးမည် မူဝါဒကို အိန္ဒိယအစိုးရ ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေသည်ဟု အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

 

Tesla က အိန္ဒိယနိုင်ငံတွင် အီးဗီထုတ်လုပ်ခြင်း မပြုခင် အီးဗီများ အရင်တင်သွင်း ရောင်းချလိုသည်။ ထို့အတွက် အီးဗီအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန် လျော့ပေါ့ပေးရန် တင်ပြထားသည်။

 

 အိန္ဒိယပြည်တွင်းရှိ ကားထုတ်လုပ်သူများသည် Tesla အပါအဝင် အခြားသော ပြည်ပမှ အီးဗီ ထုတ်လုပ်သူများ ဝင်ရောက်လာမည်ကို စိုးရိမ်နေကြသည်။ အစိုးရမှ ပေးအပ်သည့် မက်လုံး အစီအစဉ်များက အခွင့်အလမ်းများ ဖန်တီးပေးမည်ကိုလည်း စိုးရိမ်ကြသည်။

 

အိန္ဒိယသည် လက်ရှိတွင် တင်သွင်းသည့် အီးဗီအပေါ် သွင်းကုန်ခွန် ၁၀၀% စည်းကြပ်သည်။ ၎င်းအခွန်နှုန်းထားကို ပြည်တွင်းမှာ ကားထုတ်လုပ်မည်ဟု ကတိပြုသည့် ကားထုတ်လုပ်ရေးလုပ်ငန်းမှ တင်သွင်းသော အီးဗီအပေါ် ၁၅% သာ စည်းကြပ်မည့် မူဝါဒ ရေးဆွဲထားသည်။ 

 

 Tesla လက်ရှိမော်ဒယ်များထက် ဈေးသက်သာ‌ေသာ $24,000 ဖြင့် ရောင်းချမည့် အီးဗီမော်ဒယ်ကို အိန္ဒိယတွင် ထုတ်လုပ်ရန် စိတ်ဝင်စားကြောင်း တက်စလာက ပြောကြားခဲ့သည်။ ထို့ပြင် တက်စလာ၏ ဈေးပိုမြင့်သည့် မော်ဒယ်များကိုမူ အိန္ဒိယတွင် ထုတ်လုပ်မည် မဟုတ်၊ အိန္ဒိယသို့ တင်သွင်း ရောင်းချမည်။ ထို့အတွက် သွင်းကုန်ခွန် လျော့ပေါ့ပေးရန် တောင်းဆိုခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် သွင်းကုန်ခွန် ဖြေလျော့မည့် မူဝါဒကို ရေးဆွဲခဲ့သည်။

 

Tesla က အိန္ဒိယဈေးကွက်တွင် ဈေးနှုန်း $24,000 ~  $36,000 ရှိ မော်ဒယ်များ တင်သွင်း ရောင်းချလျှင် ရောင်းအားကောင်းမည်ဟု တွက်ဆထားသည်ဟု အိန္ဒိယစက်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ထိပ်တန်းအရာရှိ Rajesh Kumar Singh က ပြောကြားသည်။

ပြည်တွင်း ကားလုပ်ငန်းများသည် အီးဗီကဏ္ဍတွင် လုပ်ကိုင်နေကြပြီ ဖြစ်သဖြင့် တက်စလာက မက်လုံး အစီအစဉ်များ ရယူပြီး ဝင်ရောက်လာမည်ကို ၎င်းတို့က ဆန့်ကျင်နေကြသည်ဟု Singh က ပြောကြားသည်။

 

Singh သည် မည်သည့်ပြည်တွင်းမှ ကားထုတ်လုပ်သူတို့က ဆန့်ကျင်ကြသည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။

 

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး အီးဗီ ထုတ်လုပ်သူ Mahindra & Mahindra က ပြည်တွင်းကုမ္ပဏီများကို ကာကွယ်ရန်အတွက် အီးဗီ တင်သွင်းခွန်များကို လျှော့ချခြင်းမပြုရန် တာဝန်ရှိသူများအား ဖိအားပေးခဲ့သည်။

 

Mahindra & Mahindra မန်နေးဂျင်းဒါရိုက်တာ Anish Shah က  အင်တာဗျူးတစ်ခုတွင် ပြည်တွင်းနှင့် ပြည်ပ အီးဗီ ကားထုတ်လုပ်သူများကြားတွင် တန်းတူရည်တူ ကစားကြရန် တောင်းဆိုခဲ့သည်။ ပြည်ပလုပ်ငန်း မျက်နှာသာပေးခြင်းကို မလိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အိန္ဒိယသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည်ဟု ၎င်းက ပြောကြားသည်။

 

 အိန္ဒိယနိုင်ငံသည် ယမန်နှစ်တွင် ကားအစီးရေ ၄ သန်း ရောင်းချခဲ့ပြီး ယင်းတို့အနက် ၈၂,၀၀၀ သာ အီးဗီများဖြစ်သည်။

 

Source Reuters 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 127 times