၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်အဖြစ် အိန္ဒိယ ဆက်လက် ရပ်တည်


၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်အဖြစ် အိန္ဒိယ ဆက်လက် ရပ်တည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 ၂၀၂၃ ခုနှစ် အိန္ဒိယမှာ ကားအသစ် အစီးရေ သိန်း ၅၀ ကျော် (၅၀၇၉၉၈၅ စီး) ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၇% ပိုများသည်။ 

ဂျပန်နိုင်ငံတွင် အစီးရေ ၄၇ သိန်းကျော် (၄၇၇၉၀၈၆ စီး) ရောင်းချခဲ့သည်။ 

အိန္ဒိယသည် ၂၀၂၂ ခုနှစ်မှာ ဂျပန်နိုင်ငံထက် ရောင်းချစီးရေ ပိုများခဲ့ပြီး ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်အဖြစ် ဆက်လက် ရပ်တည်သည်။

ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်မှာ တရုတ်ဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ကားဈေးကွက်မှာ အမေရိကန် ဖြစ်ပါသည်။

 အိန္ဒိယ မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း Society of Indian Automobile Manufacturers မှ ထုတ်ပြန်သော အချက်အလက်များအရ အိမ်စီးကား ၄,၁၀၁,၆၀၀ စီး၊ လုပ်ငန်းသုံးယာဉ် ၉၇၈,၃၈၅ စီး ရောင်းချခဲ့သည်။ 

၂၀၂၃ ခုနှစ်တွင် မော်တော်ဆိုင်ကယ် အစီးရေ သိန်း ၁၇၀ ကျော် (၁၇,၀၇၅,၁၆၀ စီး) ရောင်းချခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၉% ပိုများပါသည်။
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 182 times