အိန္ဒိယနိုင်ငံမှ ၃ လတာအတွင်း အိမ်စီးကား ၁.၂ သန်းကျော် တင်ပို့ခဲ့


အိန္ဒိယနိုင်ငံမှ ၃ လတာအတွင်း အိမ်စီးကား ၁.၂ သန်းကျော် တင်ပို့ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

အိန္ဒိယနိုင်ငံမှ အိမ်စီးကား တင်ပို့မှုမှာ ဇူလိုင်- စက်တင်ဘာ ဒုတိယသုံးလပတ်တွင် ၂ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။
ပြည်ပသို့ ကားတင်ပို့မှုမှာ  Maruti Suzuki India က အစီးရေ ၁.၃၁ သိန်းကျော် တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ကြောင်း Society of Indian Automobile Manufacturers မှ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။
ဒုတိယ ၃ လပတ်မှာ အိမ်စီးကား passenger vehicle (PV)  ၁၆၀,၅၉၀ စီး တင်ပို့ခဲ့ပါတယ်။ ယမန်နှစ် ဒုတိယ ၃ လပတ်မှာ ၁၅၇,၅၅၁ တင်ပို့ခဲ့ပါတယ်။ 
 

Maruti Suzuki India (MSI) က စီးရေ အများဆုံး တင်ပို့ခဲ့ပြီး Hyundai Motor India က ဒုတိယအများဆုံး ဖြစ်ပါတယ်။ Kia India က တတိယ အများဆုံး ဖြစ်ပါတယ်။ 
 Maruti Suzuki India (MSI) က စီးရေ ၁၃၁,၀၇၀ တင်ပို့ခဲ့ပါတယ်။ အများဆုံးတင်ပို့တဲ့ မော်ဒယ် ၅ မျိုးမှာ Baleno, Dzire, Swift, S-Presso, Brezza တို့ ဖြစ်ပါတယ်။ 

Hyundai Motor India က စီးရေ ၇၄,၀၇၂ တင်ပို့ခဲ့ပါတယ်။ 

Kia India က စီးရေ ၄၄,၅၆၄ တင်ပို့ခဲ့ပါတယ်။

Nissan Motor India က စီးရေ ၂၅,၈၁၃ တင်ပို့ခဲ့ပါတယ်။ 

Renault က စီးရေ ၁၈,၆၁၄ တင်ပို့ခဲ့ပါတယ်။ 

Honda Cars India က စီးရေ ၁၃,၃၂၆ တင်ပို့ခဲ့ပါတယ်။

Volkswagen India က စီးရေ ၉,၆၄၁ တင်ပို့ခဲ့ပါတယ်။

 အိန္ဒိယနိုင်ငံမှ ဒုတိယ ၃ လပတ်မှာ စီးရေ ၁,၂၅၄,၅၆၀ တင်ပို့ခဲ့ပါတယ်။ 
Source thehindubussiness

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 424 times