Tesla တွင် ပါသော Touch Screen နှင့် ပုံစံတူ Tablet ကို အိန္ဒိယစက်ပြင်ဆရာတစ်ဦးတီထွင်


 

လျှပ်စစ်ကားနည်းပညာတွင် ရှေ့ဆုံးရောက်နေသည့် Tesla တွင် ပါသော Touch Screen နှင့် ပုံစံတူ Tablet ကို အိန္ဒိယစက်ပြင်ဆရာတစ်ဦးက တိုယိုတာကားဟောင်းတွင် အောင်မြင်စွာတပ်ဆင်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

အိန္ဒိယစက်ပြင်ဆရာ တီထွင်ခဲ့သော Tesla စတိုင်လ် Touch Screen Infotainment System မှာ တရုတ်နိုင်ငံထုတ် ၁၀ လက်မ အရွယ် Tablet အမျိုးအစားဖြစ်ပြီး Apple Car Play နှင့် Android Auto စနစ်များကို အထောက်အကူပေးသလို လေအေးပေးစနစ်နှင့် အပူချိန်ထိန်းစနစ်များလည်း ပါဝင်ပါတယ်။

 

ထို့ပြင် တစ်မိနစ် အင်ဂျင်လည်ပတ်နှုန်း မောင်းခဲ့သော ခရီးမိုင်အကွာအဝေး၊ ပြင်ပအပူချိန်၊ ဆီလက်ကျန်အခြေအနေ စသည့် ကား၏ အချက်အလက်များကို ကြည့်နိုင်သလို Google လမ်းညွှန်စနစ်၊ Wi-fi ၊ Bluetooth တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

တုံ့ပြန်မှုအားကောင်းကောင်းနှင့် လွယ်ကူမြန်ဆန်စွာ သုံးနိုင်သော အဆိုပါ Touch Screen ကို Toyota Fortuner SUV ကားဟောင်း၏ ဒက်ရှ်ဘုတ်ပေါ်တွင် တပ်ဆင်ရာ စုစုပေါင်း နာရီဝက်ခန့်သာ ကြာမြင့်ကြောင်း သိရပါတယ်။

 

စတိုင်လ်ကျပြီး သုံးစွဲရအဆင်ပြေသည့် အဆိုပါ Touch Screen ကို အခြားကားများတွင်လည်း တပ်ဆင်နိုင်ကာ ဈေးနှုန်းမှာ အိန္ဒိယရူပီး လေးသောင်းခန့် ကျသင့်ကြောင်း သိရပါတယ်။

Read 376 times