စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၁/၂၀၁၉) ကို ၁၃.၂.၁၉ ရက်နေ့တွင် ရုံးအမှတ် (၂၆)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေး၌ အလုံးစုံမော်တော်ယာဉ်အာမခံ နုတ်ဖြတ်ငွေ (Nil Excess) အားတိုးမြင့်ကောက်ခံခွင့်ပြုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။
အာမခံကုမ္ပဏီများအနေဖြင့် အလုံးစုံမော်တော်ယာဉ်အာမခံနုတ်ဖြတ်ငွေ (Nil Excess) နှုန်းထားများကို အောက်ပါအတိုင်း အောက်ပါအတိုင်း တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။
အာမခံကုမ္ပဏီများအနေဖြင့် အလုံးစုံမော်တော်ယာဉ်အာမခံ၏ အဆိုလွှာ၊ ပေါ်လစီတို့တွင် အလုံးစုံမော်တော်ယာဉ်အာမခံနုတ်ဖြတ်ငွေ ကြိုတင်နုတ်ဖြတ်ရခြင်းနှင့် ကြိုတင် နုတ်ဖြတ်ခြင်းမပြုလျှင် အာမခံလျော်ကြေး ဖြစ်ပေါ်လာပါက နုတ်ဖြတ်ရသည့် နုတ်ဖြတ်ငွေပမာဏများကို တိတိကျကျ ဖော်ပြထားရှိရမည်။