အခွန်နှုန်းထားများနှင့်ပတ်သက်ပြီး စည်းကြပ်မှုမှလွတ်ကင်း နေသည့် ဝင်ငွေများ အပေါ် ကောက်ခံမည့် ဝင်ငွေခွန်နှုန်းထားကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြု ခဲ့ပါသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့တွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ခဲ့သည်မှာ အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အမျိုးအစား ငါးမျိုးခွဲကာ ကောက်ခံသွားခဲ့ပါတယ်။
ကောက်ခံသွားမည့် ဝင်ငွေခွန်နှုန်းထား သတ်မှတ်ချက်များမှာ
တစ်ကျပ်မှ ကျပ်သိန်း ၁၀ဝ၀ အထိကို ၃ ရာခိုင်နှုန်း၊
ကျပ် ၁၀ဝ၁ သိန်းမှ ကျပ်သိန်း ၃၀ဝ၀ အထိကို ၅ ရာခိုင်နှုန်း၊
ကျပ် ၃၀ဝ၁ သိန်းမှ ကျပ်သိန်း ၁၀ဝ၀ဝ အထိ ကို ၁၀ ရာခိုင်နှုန်း၊
ကျပ် ၁၀ဝ၀၁ သိန်းမှ ကျပ်သိန်း ၃၀ဝ၀ဝ အထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း စသည်ဖြင့် ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍ ကောက်ခံပါတယ်။
၂၀၁၈- ၂၀၁၉ဘဏ္ဍာနှစ်တွင် ကောက်ခံခဲ့သည့်ဝင်ငွေခွန်နှုန်း ထားမှာ
တစ်ကျပ်မှ ကျပ်သိန်း ၃၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊
ကျပ်သိန်း ၃၀ဝ အထက်မှ ကျပ်သိန်း ၁၀ဝ၀ အထိ ၂၀ ရာခိုင်နှုန်းနှင့်
ကျပ်သိန်း ၁၀ဝ၀ နှင့်အထက်အား ၃၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တစ်နှစ်သက်တမ်း ကုန်တော့မှာမို့ လက်ရှိကောက်ခံနေတဲ့ နှုန်းထားကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီး လာမည့် ဘဏ္ဍာနှစ် (၂၀၂၀ အောက်တိုဘာ မှ ၂၀၂၁ စက်တင်ဘာ အထိ) ကောက်ခံမည့် နှုန်းထားများကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။
ယခင်ဝင်ငွေခွန် နှုန်းထား
၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ဝင်ငွေခွန် နှုန်းထားများမှာ
၁ ကျပ်မှ ကျပ် ၂,၀၀၀,၀၀၀ ထိ ၀ %
ကျပ် ၂,၀၀၀,၀၀၁ မှ ကျပ် ၅,၀၀၀,၀၀၀ ထိ ၅ %
ကျပ် ၅,၀၀၀,၀၀၁ မှ ကျပ် ၁၀,၀၀၀,၀၀၀ ထိ ၁၀ %
ကျပ် ၁၀,၀၀၀,၀၀၁ မှ ကျပ် ၂၀,၀၀၀,၀၀၀ ထိ ၁၅ %
ကျပ် ၂၀,၀၀၀,၀၀၁ မှ ကျပ် ၃၀,၀၀၀,၀၀၀ ထိ ၂၀ %
ကျပ် ၃၀,၀၀၀,၀၀၁ နှင့်အထက် ၂၅ %
ရှေးယခင်ကလည်း ဝင်ငွေခွန်နှုန်းထား လျှော့ချပေးခြင်းကို ၂၀ဝ၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း ကောင်း ဆောင်ရွက်ခဲ့သည်။
ယခု အတည်ပြု ဝင်ငွေခွန် နှုန်းထား
အတည်ပြု အခွန်အကောက် ဥပဒေကြမ်းပါ ဝင်ငွေခွန် နှုန်းထားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။
ကျပ် ၁ မှ ၁၀၀,၀၀၀,၀၀၀ ထိ ၆ %
ကျပ် ၁၀,၀၀၀,၀၀၁ မှ ကျပ် ၃၀,၀၀၀,၀၀၀ ထိ ၁၀ %
ကျပ် ၃၀,၀၀၀,၀၀၁ မှ ကျပ် ၃,၀၀၀,၀၀၀,၀၀၀ ထိ ၂၀ %
ကျပ် ၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက် ၃၀ %
၂၈-၈-၂၀၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် လွှတ်တော်တွင် မဲခွဲ အတည်ပြုခဲ့ကြပါတယ်။
ဝင်ငွေခွန် ဆိုသည်မှာ
By Myanmar Automobile Guide