အီးဗီသို့ ကူးပြောင်းသည့် ကုမ္ပဏီများကို ပေးအပ်မည့် မက်လုံးများ ထိုင်းအစိုးရ အတည်ပြု 


အီးဗီသို့ ကူးပြောင်းသည့် ကုမ္ပဏီများကို ပေးအပ်မည့် မက်လုံးများ ထိုင်းအစိုးရ အတည်ပြု 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

လုပ်ငန်းသုံးယာဉ်များဖြစ်သည့် ထရပ်ကားအကြီးစားများနှင့် ဘတ်စ်ကားများကို ဘက်ထရီသုံး လျှပ်စစ်ကားများဆီသို့ ကူးပြောင်းသည့် ထိုင်းကုမ္ပဏီများအတွက်  မက်လုံးများကို အတည်ပြုလိုက်ကြောင်း အစိုးရက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁) တွင် ပြောကြားခဲ့ပါသည်။

 

.အီးဗီ ဘက်ထရီထုပ် ထုတ်လုပ်ရန်အတွက် ဘက်ထရီဆဲလ် ထုတ်လုပ်သူများအတွက်လည်း ငွေသားထောက်ပံ့မှု ပေးအပ်မည် ဖြစ်သည်။ 

 

မူဝါဒများသည် ထိုင်းနိုင်ငံ၏ အီးဗီ ထုတ်လုပ်မှုဗဟိုချက်အဖြစ် ရပ်တည်မည့် အဆင့်အတန်းကို  ခိုင်မာစေမည်ဖြစ်သည်။

 

ကုမ္ပဏီများအတွက် ပံ့ပိုးကူညီမှုသည် အကျုံးဝင်သော ကုမ္ပဏီများအား အထူး အခွန်နုတ်ပယ်သည့် ပုံစံဖြင့် ပေးအပ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ သက်ရောက်မည်ဖြစ်သည်။ 

ထိုင်းနိုင်ငံမှာ ထုတ်လုပ်သည့် အီးဗီကို ဝယ်ယူပါက ယာဉ်တန်ဖိုး ၂ ဆ၊ ပြည်ပမှ တင်သွင်းသည့် အီးဗီကို ဝယ်ယူပါက ယာဉ်တန်ဖိုး ၁ ဆခွဲ အခွန်နုတ်ပယ် ပေးမည်။ 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 149 times