ကားများတွင် ကြိုးမဲ့စနစ်များကို ထည့်သွင်းပေးတော့မည့် BMW


အီလက်ထရစ်ကားများကို အားသွင်းရန်အတွက် လက်ရှိအချိန်တွင် ကြိုးများကို အသုံးပြုနေကြပါသည်။

ကားများကို ကြိုးမဲ့ အားသွင်းပေးသည့် နည်းပညာအကြောင်းကို ပြောဆိုနေကြသည်မှာ နှစ်အနည်းငယ် ရှိပါပြီ။

ယခုအချိန်တွင် ကြိုးမဲ့ အားသွင်း နည်းပညာကို ကားများမှာ ပထမဆုံး ထည့်ပေးမည့် ကုမ္ပဏီသည် BMW ဖြစ်လာတော့မည်ဖြစ်ပါသည်။

ကုမ္ပဏီက ၂၀၁၈ ခုနှစ် နွေရာသီ မကုန်ခင်မှာ စတင် ထည့်သွင်းပေးမည်ဟု ပြောကြားခဲ့ပါသည်။

ထို့အတွက် သြဂုတ်နှင့် စက်တင်ဘာလ အစောပိုင်းများတွင် ဖြစ်နိုင်ပါသည်။

BMW က ၂၀၁၇ ခုနှစ် စက်တင်ဘာလ ကတည်းက ကြိုးမဲ့အားသွင်း နည်းပညာပါသည့် ကားများကို ထုတ်လုပ်ရောင်းချမည်ဆိုခြင်းကို ကြေညာခဲ့ဖူးပါသည်။

၂၀၁၈ ခုနှစ်ကျမှသာ ထိုစီမံကိန်းကို အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်ပါသည်။

အစောပိုင်းမှာတော့ i8 နှင့် i3 Series များမှာသာ ကြိုးမဲ့အားသွင်း နည်းပညာ ပါလာနိုင်ပါသည်။

အခြား အီလက်ထရစ်ကားများအတွက် နောက်ပိုင်းကျမှသာ ထိုနည်းပညာကို ထည့်သွင်းပေးနိုင်ပါသည်။

ထိုကားများမှာ Qualcomm ၏ Halo Wireless Charging နည်းပညာကို အသုံးပြုထားပြီး ကြိုးများဖြင့် ချိတ်ဆက်စရာမလိုဘဲ အားသွင်းနိုင်ပါသည်။

ကြိးမဲ့အားသွင်း နည်းပညာပါသည့် ကားများ၏ ဈေးနှုန်းကို မသိရသေးပေ။

အစောပိုင်းမှာ အမေရိကန်မှနှင့် နောက်ပိုင်းတွင် ဥရောပတစ်လွှားမှာလည်း ရောင်းချပေးမှာ ဖြစ်ပါသည်။

အမေရိကန်မှာတောင် ကယ်လီဖိုးနီးယားပြည်နယ်မှာသာ စမ်းသပ် အသုံးပြုခွင့်ပေးနိုင်ပါသည်။

ထိုနည်းပညာဖြင့် ကားတစ်စီးကို အားအပြည့်သွင်းရန်အတွက် အချိန် ၃ နာရီခွဲကြာမြင့်ပါသည်။

ကားမော်ဒယ် အလိုက် ကြာမြင့်ချိန် ကွဲပြားမည်ဖြစ်ပါသည်။

Read 512 times