ကိုရီးယားတွင် ပြည်ပမှ တင်သွင်းသည့်ကား စီးရေ ၃ သန်းကျော်အထိ ရှိလာ


ကိုရီးယားမှ Mercedes-Benz အရောင်းပြခန်း

ကိုရီးယားတွင် ပြည်ပမှ တင်သွင်းသည့်ကား စီးရေ ၃ သန်းကျော်အထိ ရှိလာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တောင်ကိုရီးယားတွင် ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ် မှတ်ပုံတင်သည့် အစီးရေ စုစုပေါင်း ၃ သန်းကျော်ရှိပြီး ပြည်တွင်းမှ အမှတ်တံဆိပ်များအစား ပြည်ပ အမှတ်တံဆိပ်များကို ဝယ်ယူသူ အရေအတွက် တိုးများလာကြောင်း  တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၅)တွင် ထုတ်ပြန်သော အစိုးရအချက်အလက်များတွင် ဖော်ပြထားသည်။
မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအရ ၂၀၂၂ နိုဝင်ဘာ လကုန်၌ တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ ၂၅ ဒသမ ၄၆ သန်း ရှိပြီး မှတ်ပုံတင်ထားသည့် ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်စီးရေမှာ ၃ ဒသမ ၁၇ သန်း ရှိသည်ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၁၂% ဖြစ်ပါသည်။
၂၀၁၁ ခုနှစ်တွင် တောင်ကိုရီးယားမှာ ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ် မှတ်ပုံတင်သည့် အစီးရေ စုစုပေါင်းသည် ၆ သိန်း အောက်တွင်သာ ရှိခဲ့ပါသည်။ 
၂၀၁၄ တွင် စီးရေပမာဏ မြင့်တက်လာခဲ့ပြီး စီးရေ ၁ သန်းကျော်သို့ ရောက်ရှိလာပါသည်။ 
၂၀၁၈ တွင် စီးရေ ၂ သန်းကျော် ဖြစ်လာခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနက ပြောကြားပါသည်။

ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များ ရောင်းချခဲ့ရာတွင် ပျမ်းမျှအားဖြင့် ရောင်းချသည့် စီးရေ ၁၀ စီးမှာ ၇ စီးသည် ဂျာမန်ကားအမှတ်တံဆိပ်များ ဖြစ်ပြီး Volkswagen Group Korea, BMW Group Korea , Mercedes-Benz Korea  ၃ ခုထံမှ ကားများ ဖြစ်ပါသည်။
Source Yonhap

Read 990 times