အခွန်ပေးဆောင်ရန် ကျန်ရှိသည့်ကားကုမ္ပဏီပိုင်ရှင်ကို ဆိပ်ကမ်းမှ ကားထုတ်ယူခွင့် ပိတ်မည်


အခွန်ပေးဆောင်ရန် ကျန်ရှိသည့် ကားကုမ္ပဏီပိုင်ရှင်ကို ဆိပ်ကမ်းမှ ကားထုတ်ယူခွင့် ပိတ်မည်ဖြစ်ပြီး ပြည်ပထွက်ခွာခွင့်လည်း တားမြစ်မည်ဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလဒုတိယပတ်တွင် အခွန်ပေးဆောင်ရန် ပျက်ကွက်သည့် ကားကုမ္ပဏီခုနှစ်ဆယ်စားရင်းကို ကြေညာခဲ့ရာ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကုမ္ပဏီ ၂၅ ခုသာလာရောက်ပေးဆောင်ခဲ့သည်။

ကျန်ရှိသည့် ကားကုမ္ပဏီများထဲတွင် ၂၉ ခုတွင် အခွန်ပေးဆောင်ရန်ဆက်သွယ်ခြင်း၊ ပေးဆောင်ရန်အတွက် လာရောက်မေးမြန်းမှုများရှိသော်လည်း ကုမ္ပဏီ ၁၆ ခုမှာဆက်သွယ်မှုမရှိ၍ သက်ဆိုင်ရာဌာနမှ ဆက်သွယ်ရန် ရှာဖွေရန်ရှာဖွေနေ ဆဲဖြစ်ကြောင်းသိရသည်။

ကျသင့်ငွေအခွန်များကို လာရောက်မပေးဆောင်သည့်ကုမ္ပဏီပိုင်ရှင်၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့ကိုလာမည့် ၁၀ရက်အတွင်းနိုင်ငံပိုင်သတင်းစာများတွင် အမည်ပျက်စာရင်းကြေညာသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းကြေညာမှုနှင့်အတူ ဆိပ်ကမ်းမှ ကားထုတ်ယူခွင့်နှင့် ပြည်ပထွက်ခွာခွင့်တို့ကိုလည်း သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခွန်ကောက်ဥပဒေနှင့်လည်း အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

ယခုလ ၁၄ ရက်အထိ Golden Village Auto Services co.,ltd, Century Brigth Gold Services Co.,ltd, Five Oceans Services Ltd, Triple Two Services co.,ltd, Doh Shwe Myanmar Services Co.,ltd, Tha Pyay Nyo Services Co.,ltd, Dynamic co.,ltd, Myanmar Jade Crown Services co.,ltd,Royal Thiri Auto Services co.,ltd ,Royal Toe Family Services co.,ltd ,Pyae Sone Aung Naing Services co.,ltd ,M&Y Car Sale center co.,ltd ,Saung Thit Nay Co.,ltd ,Yangon Motors Ltd, Myanmar Auto Trader Services co.,ltd, Sandrar Services co.,ltd ,Temperance General Services co.,ltd , Shwe Yamone Services co.,ltd, Glory World Services co.,ltd, Win Htin Kyaw Services co.,ltd ,Ever Green Auto Co.,ltd, Super Trader Co.,ltd, Myint Myat Hein Auto Services co.,ltd, Than Su Shwin Services co.,ltd စသည့်ကုမ္ပဏီ ၂၅ ခုမှာအခွန်အပြည့်အဝပေးဆောင်ပြီးကြောင်းသိရသည်။

ထို့ပြင် အခွန်ပေးဆောင်ရန်ကျန်ရှိနေသည့် ကားကုမ္ပဏီများမှ ယခုလ ၂၅ ရက်မတိုင်မီ ကျသင့်ငွေများ မပေးဆောင်ပါက အမည်ပျက်စာရင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြခံရမည် ဖြစ်ကြောင်း သိရသည်။

Read 1645 times