IM LS6 တာထွက်လှ တပတ်အတွင်း အခိုင်အမာ အမှာစာ တသောင်းကျော်ရ


IM LS6 တာထွက်လှ တပတ်အတွင်း အခိုင်အမာ အမှာစာ တသောင်းကျော်ရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

IM LS6 coupe SUV ကို အောက်တိုဘာလ ၁၂ ရက်တွင် တရုတ်ပြည်မှာ စတင်ရောင်းချခဲ့သည်။ တပတ်အတွင်း အခိုင်အမာ အမှာစာ firm order အစီးရေ ၁ သောင်းကျော် ရရှိခဲ့သည်။ အခိုင်အမာ အမှာစာ firm order သည် ကုမ္ပဏီမှ သတ်မှတ်ထားသော စရံငွေကို ပေးသွင်းပြီး မှာကြားရသည်။ ငွေအပြည့်ချေပြီး မဝယ်ပါက စရံကို ပြန်မအမ်းသော အမှာစာ အမျိုးအစား ဖြစ်ပါသည်။
IM Motors ကို Shanghai Automotive Industry Corporation  SAIC ၊ Zhangjiang Hi-Tech နှင့် Alibaba တို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တည်ထောင်ခဲ့ပါသည်။
IM သည် အပြည့်အဝလျှပ်စစ်ကား အမှတ်တံဆိပ် ဖြစ်ပါသည်။ 

 


IM LS6 နှင့် IM LS7 မော်ဒယ် ၂ ခုစလုံးကို SAIC ၏ အီးဗီပလက်ဖောင်း ဖြစ်သည့် iO Origin ပလက်ဖောင်းပေါ်မှာ တည်ဆောက်ထားပါသည်။


IM LS6 ဈေးနှုန်းများမှာ ယွမ် ၂၂၉,၉၀၀-၂၉၁,၉၀၀ (32,000 – 42,600 USD) ဖြစ်ပါသည်။
ထိပ်ဆုံးဗားရှင်းသည် ၄ ဘီယက်ဖြစ်ပြီး 0-100 km/h ကို ၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
100 kWh ဘက်ထရီ တပ်ဆင်ပေးထားပြီး ခရီးတာ ၇၀၂ ကီလိုမီတာအထိ သွားနိုင်သည်။
အမှာစာများတွင် ၃၁% သည် ထိပ်ဆုံးဗားရှင်းကို ဝယ်ယူကြပါသည်။

 

အမှာစာ တင်ထားသူများတွင် ၄၈% သည် ပရီမီယံ အမှတ်တံဆိပ်ကား ပိုင်ဆိုင်ထားသူများဖြစ်ပြီး IM အီးဗီကို လိုချင်သဖြင့် ဝယ်ယူကြခြင်း ဖြစ်ပါသည်။
၃၂% သည် မိသားစုအတွက် ကားတစ်စီး ရှိဖို့ ထပ်မံလိုအပ်နေသဖြင့် ဝယ်ယူကြခြင်း ဖြစ်ပါသည်။
Source carnewschina

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1275 times