16 သိန်းပေးရင် ကားတကယ်ရမှာလား


မေး - ကြော်ညာထဲအတိုင်း 16 သိန်း ဝင်ငွေခွန်ပေးတာနဲ့ကားလက်ဝယ်ရမှာလား။

ဖြေ - 16 သိန်း ဝင်ငွေခွန်ပေးရင် ကားလက်ဝယ်ရပါပြီ။ ကနဦး ၁၆ သိန်းဆိုတာက ဘဏ်အရစ်ကျနဲ့ဝယ်ယူခွင့် Down Payment 10 % ကိုပရိုမိုးရှင်းပြန်ပေးငွေနုတ်ထားပြီးဖြစ်တဲ့သွင်းငွေပါ။ ဘဏ်က အရစ်ကျဝယ်ယူသူရဲ့ လစဉ်ဝင်ငွေကိုစစ်ဆေးပါတယ်။ လစဉ်ဝင်ငွေဟာ ကားဖိုးသွင်းငွေရဲ့ ၂ ဆကျော်ရှိရပါမယ်။ အဲ့တာဆို သေချာပေါက်ဝင်ယူခွင့်ရပါတယ်။

 

မေး - ကားဖိုးလစဉ်သွင်းငွေက ၅ သိန်းဝန်းကျင်ရှိတာဆိုတော့ ၂ ဆကျော်ရှိမှ ဆိုရင်(လစဉ်ဝင်ငွေ ၁၀ သိန်းကျော် ရှိနေမှရမှာဆိုရင်) ဘဏ်ရဲ့သတ်မှတ်ချက်က မတင်းကြပ်လွန်းဖူးလား။

ဖြေ - ဘဏ်ဖက်ကလည်း အရစ်ကျရောင်းရတာမို့ Risk ယူရတာတွေရှိပါတယ်။ အရစ်ကျဝယ်ယူသူရဲ့လစဉ်ဝင်ငွေ စုစုပေါင်းဟာ ကားဖိုးသွင်းရမည့်လစဉ်ငွေပမာဏသာ ရှိမယ်ဆိုရင် အဲ့လူတယောက်လစဉ်နေထိုင်စားသောက်ဖို့မဖြစ်နိုင်ပါဖူး။ ဒါကြောင့်ကားဖိုးလစဉ်သွင်းငွေရဲ့ ၂ ဆကျော်ရှိမှ ဘဏ် အရစ်ကျဝယ်ယူခွင့်လျှောက်ထားမှုအား ခွင့်ပြုချက်ပေးပါတယ်။

 

မေး - ကားအရစ်ကျအတွက်သွင်းရမဲ့ လစဉ်သွင်းငွေရဲ့ ၂ ဆကျော်ဝင်ငွေရှိရမယ်ဆိုတော့ ဝင်ငွေမလုံလောက်ရင်ရော အရစ်ကျဝယ်လို့မရတော့ဖူးလား။

ဖြေ - အရစ်ကျဝယ်သူရဲ့ ဝင်ငွေတခုတည်းနဲ့မလုံလောက်ရင် မိသားစုထဲက အခြားသူတဦး(သို့မဟုတ်) နှစ်ဦး ရဲ့ငွေဝင်နဲ့ပေါင်းပြီးလည်းလျှောက်ထားလို့ရတယ်

 

မေး- ၁၆ သိန်း ဝင်ငွေခွန်နဲ့ အရစ်ကျဝယ်ယူခွင့်ရပီးရင်ရော လစဉ်ငွေဘယ်လောက်သွင်းပြီး/ ဘယ်အချိန်ထိသွင်းသွားရမှာလဲ။

ဖြေ - Swift GLX ဆိုရင် တလ 460,848 ကျပ်နဲ့ ၅ နှစ်အရစ်ကျသွင်းရပါမယ်။ Ciaz ဆိုရင် တလ 539,250 ကျပ်နဲ့ ၅ နှစ်အရစ်ကျသွင်းရပါမယ်။

 

မေး - ကနဦး ၁၆ သိန်းတော့ဟုတ်ပါပြီ ဝင်ငွေခွန်ကရော ဘယ်လောက်ဆောင်ရမှာလဲ။

ဖြေ - ဝင်ငွေခွန်က Ciaz ဆိုရင် 1,692,000 ကျပ်ပါ။ Swift ဆိုရင် 1,446,000 ကျပ်ပါ။ ဝင်ငွေခွန်ဆောင်ထားတာ (သို့) ငွေဖြူရှိထားမယ်ဆိုရင် ဝယ်ယူတဲ့ကားရဲ့ ဝင်ငွေခွန်ကိုဆောင်စရာမလိုတော့ဖဲ ခုနှိမ်ခွင့်ရှိပါတယ်။

 

မေး - သတ်မှတ်ထားတဲ့ Down Payment အပြင် အရစ်ကျဝယ်ယူမှုအတွက် သီးသန့်စပေါ်ငွေ(Deposit) ထပ်ပေးစရာလိုသေးလား။

ဖြေ - ဘာစပေါ်ငွေမှပေးစရာမလိုသလို ပိုင်ဆိုင်မှုလည်းပေးထားစရာမလိုပါဖူးဗျ။ လစဉ်အရစ်ကျငွေသွင်းဖို့ တကယ်ဝင်တဲ့ဝင်ငွေ ရလမ်းဘဲပြရမှာပါ။

 

မေး - ဘဏ်ကစာရွက်စာတန်းတွေ တအားတောင်းလား။

ဖြေ - ဘဏ်က စာရွက်စာတန်းဆိုတာထက် အရစ်ကျဝယ်သူရဲ့ အမှန်တကယ် ဝင်ငွေကိုသိချင်တာ။ ဘဏ်ကအရစ်ကျရောင်းပေးတဲ့ရည်ရွယ်ချက်ကိုက အရစ်ကျရောင်းချင်လို့ရောင်းပေးတာ။ ငွေမသွင်းနိုင်မှ ကားသိမ်းတရားစွဲတာတွေ သူတို့လုပ်ချင်တာမဟုတ်ဖူး။ အဲ့တာကြောင့် အဲ့အရစ်ကျဝယ်သူရဲ့ ကားဖိုးသွင်းနိုင်တဲ့ဝင်ငွေရလမ်းတော့ သူတို့သိဖို့ လိုအပ်ပါတယ်။ တကယ်ဝင်ငွေရလမ်းရှိတဲ့သူဆို ကိုတကယ်ဝင်တဲ့ ဝင်ငွေပြရင် ဘဏ်ကိစ္စက ဘာမှအခက်အခဲမရှိပါ။

 

မေး - လစဉ်ဝင်ငွေတော့ရှိတယ် ဒါပေမဲ့ ဝန်ထမ်းလည်းမဟုတ်ဖူး လုပ်ငန်းရှင်လည်းမဟုတ်ဖူးဆို ဘယ်လိုပြလို့ရလဲ။

ဖြေ - အဓိကက လစဉ်အရစ်ကျပေးသွင်းဖို့ရာ လုံလောက်ပြည့်စုံတဲ့ အမှန်တယ်ဝင်တဲ့ဝင်ငွေရလမ်းရှိနေဖို့ဘဲလိုတာပါ။ ဝန်ထမ်းဖြစ်မှ/ လုပ်ငန်းရှင်ဖြစ်မှ မဟုတ်ပါဖူး။ ဥပမာ- အိမ်ငှါး/အခန်းငှါးစားတဲ့သူမျိုးဆို ကိုယ်ငှါးစားထားတဲ့အိမ်/အခန်းရဲ့ အမှန်စာချုပ်ပြပြီး လစဉ်ဝင်ငွေဘယ်လောက်ရှိတယ်ဆိုတာမျိုးပြလို့ရပါတယ်။

 

မေး - အတိုးနှုန်းများလား။

ဖြေ - အတိုးနှုန်းက တနှစ်ကို ၁၀ % ပါ ။ အလွယ်ပြောရရင် တလကို 1 ကျပ်တိုးတောင်မကြပါဖူး။

 

မေး - အရစ်ကျနဲ့ဝယ်ရင် ကားရဖို့ဘယ်လောက်ကြာကြာစောင့်ရမှာလဲ။

ဖြေ - အရစ်ကျဝယ်သူဖက်က ဘဏ်ကိုတင်မဲ့စာရွက်စာတန်းအချက်အလက်ပြည့်စုံလို့ အဲ့စာရွက်စာတန်းတွေလာပေးတဲ့နေ့ကနေ စတွက်ရင် ၂ပတ်လောက်တော့ကြာပါတယ်။ တကယ်လို့ အရစ်ကျဝယ်သူဖက်က စာရွက်စာတန်းမဆုံလို့ပြည့်စုံအောင်လုပ်နေရင် အဲ့ရက်တွေပါထပ်မံကြာမြင့်နိုင်ပါတယ်။

 

မေး - အရစ်ကျဝယ်ဖို့ ဘဏ်ကိုတင်တဲ့အခါ ကိုလိုချင်တဲ့ Down Payment နဲ့လိုချင်တဲ့အရစ်ကျနှစ်အတိုင်းရမှာလား။

ဖြေ - အရစ်ကျဝယ်ယူခွင့်လျှောက်ထားသူဖက်က ဝင်ငွေသာလုံလောက်မယ်ဆို ကိုလိုချင်တဲ့ Down Payment နဲ့ကိုလိုချင်တဲ့အရစ်ကျနှစ်အတိုင်းရပါတယ်။ တကယ်လို့ အရစ်ကျဝယ်ခွင့်လျှောက်ထားသူရဲ့ဝင်ငွေက လိုအပ်ချက်ရှိတယ်လို့ဘဏ်ဖက်ကယူဆရင် Down Payment % ကိုမြှင့်တာမျိုး (သို့မဟုတ်) အရစ်ကျနှစ်ကို ၅ နှစ်မပေးဘဲ ၄ နှစ် /၃ နှစ် သို့လျော့ချတာမျိုး ရှိတတ်ပါတယ်။ လျှောက်ထားသူဖက်က ဝင်ငွေကခိုင်မာမှုမရှိဖူး ဆိုရင်တော့ ဘဏ်ဖက်ကနေ ဝယ်ယူသူရဲ့ အရစ်ကျဝယ်ယူမှုလျှောက်ထားမှုကို reject လုပ်ပါတယ်။

 

မေး - Ertiga ကိုအရစ်ကျ 10 % Down Payment နဲ့ 5 နှစ်အရစ်ကျယူရင်ရော ကနဦး ဘယ်လောက်ပးရပြီး လစဉ်တလကို ဘယ်လောက်သွင်းရမလဲ။

ဖြေ - ကနဦး ၃၃ သိန်း + ဝင်ငွေခွန် ပေးရမှာဖြစ်ပြီး တလကို 564,109 ကျပ် သွင်းရပါမယ်။

 

မေး - Carry Truck ကိုအရစ်ကျ 20 % Down Payment နဲ့ 3 နှစ်အရစ်ကျယူရင် ကနဦးဘယ်လောက်ပေးပြီး လစဉ်တလကို ဘယ်လောက်သွင်းရမလဲ။

ဖြေ - ကနဦး 24 သိန်း 6 သောင်း + ဝင်ငွေခွန် 6 သိန်းပေးသွင်းပြီး တလကို 257,621 ကျပ် သွင်းရပါမယ်

 

Kyi Thar Han (Suzuki KL Seven)

Suzuki KL Seven Showroom

(မြောက်ဥက္ကလာပ)

ဖုန်း - 09774795353/09774795454 ,

09772980001 , 09772980002 ,

09443669933 , 09443669944

 

Suzuki KL Seven Showroom

(မန္တလေး)

ဖုန်း - 09420077997 ,09266667929

09266667939

Read 6295 times