ကားအတွင်း၌ ကားသော့ မေ့ကျန်ခဲ့လျှင် ပြုလုပ်သင့်သည့်အရာများနှင့် ရိုးရှင်းသော ကားထိန်းသိမ်းနည်း ငါးခု


လူတိုင်းက အမှားနှင့် မကင်းနိုင်သည့်အတွက် မိမိကြောင့်ဖြစ်စေ၊ သားသမီးများကြောင့်ဖြစ်စေ၊ ခရီးသည်များကြောင့် ဖြစ်စေ၊ ကားသော့ကို ကားထဲတွင် မေ့ပြီး ကားတံခါးအားလုံးကို လော့ချမိတက်ပြီး ပိတ်မိတက်ပါသည်။
ယခုလို ပြဿနာမျိုးကြုံတွေ့ရပါက အလွယ်တကူနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းကို Automobile Equipment Directory အတွက် တင်ပြပေးလိုက်ပါသည်။
ယခုတင်ပြပေးသော ဖြေရှင်းနည်းသည် တံခါးဘောင်ပေါ်၌ လော့ဘုသီးလေးရှိသော ကားများအတွက်သာ အသုံးဝင်နိုင်မည်ဖြစ်ပါသည်။
မည်သည့် ပစ္စည်းကိရိယာကြီးကြီးမားမားမလိုဘဲ နေရာတိုင်းတွင် အလွယ်တကူရှာဖွေနိုင်သော ကြိုးလေးတစ်ချောင်းဖြစ်သာ အားလုံးကို အစဉ်ချောသွားစေမည်ဖြစ်ပါသည်။
ကြိုးကို သုံးပုံတစ်ပုံ နားလောက်တွင် တင်းနိုင်လျှော့နိုင်သော ကွင်းလေးတစ်ခုထုံးလိုက်ပြီး ကားတံခါး၏ အပေါ်ဆုံးအနားတွင် စပြီး ကြိုးကို အထဲသို့ သွင်းလိုက်ပါ။
ကြိုးကို အဖွင့်အပိတ်လုပ်၍ ရသော ဘုသီးနားရောက်အောင် ဆွဲချလိုက်ပြီး စောစောက ကွင်းလေးကို ဘုသီးတွင် စွပ်လိုက်ပြီး တင်းအောင် ဆွဲချီကာ တင်းသွားပြီဆိုပါက အပေါ်မှ ကြိုးကိုဆွဲလိုက်မည်ဆိုလျှင်ဘုသီးက အပေါ်ကို တက်လာပြီး ကားတံခါးကို အလွယ်တကူပြန်ဖွင့်နိုင်ပြီ ဖြစ်ပါသည်။
ထိုနည်းသည် အမေရိကန်တွင် ရှိသော ကားတံခါးနှင့် သော့များကို ရောင်းချသောသူက ကျင်သုံးလာခြင်းမှာ နှစ်ပေါင်းနှစ်ရှိပြီး အလွယ်ကူဆုံးနည်းနှင့် အရိုးရှင်းဆုံးနည်းတစ်ခုဖြစ်ပါသည်။
ကားအားလုံးမဟုတ်သော်လည်း ကားတော်တော်များများတွင် အသုံးပြုနိုင်ပါသည်။
ထို့အပြင် ရိုးရှင်းသော ကားထိန်းသိမ်းနည်း ငါးချက်ကို ဖော်ပြပေးလိုက်ပါသည်။
၁။ မိမိကားအတွက် ဆီကို ပုံမှန်စစ်ဆေးပေးပါ။
မိမိကားတွင် သုံးသော စက်ဆီများကို ပုံမှန် (သို့မဟုတ်) ၆ လတစ်ကြိမ် စစ်ဆေးပေးပြီး လိုအပ်ပါကလဲထားသင့်ပါသည်။
အထူးသဖြင့် အင်ဂျင်ဝိုင်များသည် ကြာလာသည်နှင့်အမျှ မစစ်ဆေးပါက ကား၏ အင်ဂျင်များကို ထိခိုက်စေပါသည်။
၂။ ကားအပိုဘီးများကိုစစ်ဆေးပါ။
ကားဘီးပေါက်သောအခါမျိုးတွင် အသုံးပြုရန် အပိုထည့်ဆောင်ထားသော ကားတာယာများကိုလည်း လေလျော့နေခြင်းမျိုး မရှိရလေအောင် စစ်ဆေးရန် မမေ့သင့်ပေ။
အရေးတကြီးလိုအပ်နေချိန်မျိုးတွင် သုံး၍မရပါက စိတ်အနှောက်အယှက်ဖြစ်လာတက်ပါသည်။
၃။ ကားကို သန့်ရှင်းနေရန် ပုံမှန်ထိန်းသိမ်းပါ။
ကားဆိုသည်မှာ အပြင် နေ၊မိုး၊ ဖုန်မှုန့်များ အစရှိသော အပြင်မှ သက်ရောက်မှုများကြောင့် သန့်ရှင်းရေးပုံမှန်လုပ်ပေးရန် လိုအပ်ပါသည်။
အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ်ခန့် ဖယောင်းတင်ခြင်းမျိုး ပြုလုပ်ပေးသင့်ပါသည်။
ခရမ်းလွန်ရောင်ခြည်များသည် ကား၏ အတွင်းအပြင်နှစ်ဘက်လုံးတွင် ကျရောက်နေပါက လူများကို ထိခိုက်စေနိုင်သောကြောင့် နေရောင်ခြည်အောက်တွင် ကားကို တိုက်ရိုက်ရပ်ထားခြင်းမျိုး ရှောင်ကြဉ်သင့်ပါသည်။
၄။ ကားဘက်ထရီ ပြန်ဖြည့်ပါ။
မိမိကားကို စက်မနှိုးထားလျှင်တောင် ကား၏ ဘက်ထရီစွမ်းအင်အနည်းငယ်သည် နာရီ၊ ရေဒီယိုနှင့် ကွန်ပျူတာမှတ်ဉာဏ်များတွက် အသုံးပြုနေရပါသည်။
အကယ်၍ မိမိ၏ ကားကို ကြာမြင့်စွာ ရပ်ထားမည်ဆိုလျှင် ဖုန်းအားသွင်းသော Charge များ၊ GPS များနှင့် Power Port တွင် အသုံးပြုခြင်းများ အားလုံးကို ဖြုတ်ထားခဲ့ပါ။
၅။ ဂရုစိုက်ပါ။
မိမိကားနှင့်ပတ်သတ်၍ ကားမောင်းနှင်နေစဉ် အချိန်၊ ခံစားချက်၊ ကားအသံများကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့် ကားမှ ပုံမှန်မဟုတ်သည့် အာရုံရသည်နှင့် စစ်ဆေးကြည့်ပါ။ အကယ်၍ လိုအပ်ပါက ကားဝပ်ရှော့ပ်များတွင် သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပေးရပါမည်။
 

Read 15737 times