လိုင်စင်ကားဝယ်ယူမည်ဆိုပါက အောက်ပါ အချက်အလက်များကို သိရှိထားသင့်ပါသည်။
နံပါတ်ပြားသည် ပေါင်းဆေးမှသာ quality အမှန်ဖြစ်ပြီး ကညနမှ နံပါတ်ပြားများသည် ပေါင်းဆေးနှင့် ကွာလတီမြှင့်လာကာ နောက်ပိုင်းတွင် 3D ဖြစ်လာပါသည်။
ထိုအခါ မည်သို့ပင်ဖြစ်စေ 3D နောက်ပိုင်းကားနံပါတ်ပြားများသည် quality မီရမည်ဖြစ်ပါသည်။
ယခုလက်ရှိတွင် 3D အရှေ့ကို လိုင်စင်ပြန်ဝင်ရမည်ဖြစ်ပြီး ထိုလိုင်စင်ပြန်ဝင်ပြီးသွားပါက 3D သည်လည်း quality မီသည်ဟု သတ်မှတ်ရပါမည်။
ခဲသီးသည် 9J ထိ အကြီးဖြစ်ပြီး 1K နှင့် နောက်ပိုင်းမှာ ခဲသီး အသေးပြောင်းသွားပါသည်။
လိုင်စင်ကားမဝယ်ခင် တခြားသူများ၏ ကားမှခဲသီးများကို အရင်လေ့လာပါက နောက်ပိုင်းတွင် ခဲသီးအတုအစစ် ခွဲတက်လာမည်ဖြစ်ပါသည်။
ဝှီးတက် စစ်ဆေးရာတွင် ဝှီးတက်အစစ်မှာ လေဆာမီးနှင့် ထိုးကြည့်လျှင် ကညနဆီးလ် တံဆိပ်ရေစာများမှာ အလင်းပေါ်လာပါသည်။
ဝှီးတက်တွင်ပါသော ချက်စီနံပါတ်ကားဖရိန်တွင်ပါသော ချက်စီနံပါတ် အင်ဂျင်ပေါ်တွင်ပါသော ချက်စီနံပါတ် ခါးပတ်ကြိုးပေါ်တွင်ပါသော ချက်စီနံပါတ်သည် အားလုံးတူနေရပါမည်။
ကားဖရိန်တွင် ပါသောချက်စီဘေးတွင် မည်သည့်အစွန်းထင်းခြစ်ရာမှ မရှိစေရ၊ ရှိပါက ကညနပြန်ဝင်လျှင် ပြဿနာရှိနိုင်သောကြောင့်ဖြစ်ပါသည်။
အုံနာဘုတ်တွင် ကားဖရိန်ပေါ်မှ ချက်စီနံပါတ်ကို ခဲခြစ်ထားသောကြောင့် တိုက်စစ်လျှင်တူရပါမည်ဖြစ်ပြီး အချက်အလက်ကျွမ်းကျင်သောသူများကို ပြသင့်ပါသည်။
စတစ်ကာသည် လိုင်စင်ပြန်ဝင်မည့်ကားများကို ကပ်ပေးပြီး ပြန်ဝင်သောလကို ဖော်ပြပေးပါသည်။
ဥပမာအားဖြင့် လက်ရှိတွင် 3D နှင့် နောက်ပိုင်း 1K များ လို်င်စင်ပြန်ဝင်နေရသောကြောင့် ထိုနံပါတ်နှင့်နီးသောကားများသည် မဖြစ်မနေ စတစ်ကာပါလာရပါမည်။
ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်းသည့် သက်သေအဖြစ် အရှေ့ခန်း၏ မှန်ချိုးမှန်ခေါက် တန်းလေးပေါ်တွင် ကာစတန်တံဆိပ်ခြင်္သေ့ သံကွင်းလေးပါသည်။
တံဆိပ်၏ နံပါလေးများသည် တင်သွင်းသည့်နေ့ရက်အချိန်ကာလကို ဖော်ပြပေးပါသည်။
ကာစတန်စာရွက်စာတန်းများကို ဖြစ်နိုင်ပါကတောင်းကြည့်သင့်ပါသည်။
ထိုမှသာ လူအမည်ပေါက် သို့မဟုတ် ကုမ္ပဏီအမည်ပေါက် ဟုတ်မဟုတ်သိရှိနိုင်ပြီး ကား Kilo အမှန်နှင့် အခြားအချက်အလက်များကိုလည်း သိရှိနိုင်မည်ဖြစ်ပါသည်။