အဲကွန်းဖွင့်ထားသော်လည်း ကားထဲတွင် ပူနေဆဲဖြစ်နေလျှင်


ကားအတွင်းခန်းအေးနေစေရန် နည်းလမ်းကောင်းများ ရှိပါသည်။ အပူချိန်မြင့်နေစဉ် ကားထဲတွင် အဲကွန်းဖွင့်ထားသော်လည်း အပူဒဏ်ကိုခံစားနေရပါက ယာဉ်မောင်းအတွက်ရော ခရီးသည်အတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စေရပါသည်။

ယင်းအခြေအနေမှကာကွယ်နိုင်ရန် ကိုယ်တိုင်ပြင်ဆင်စစ်ဆေးသင့်နိုင်သည့် လွယ်ကူသည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

ကားတွင်းခန်းလုံမလုံသိရှိနိုင်ရန်လေငြိမ်သည့်နေရာ(သို့မဟုတ်)ကားဂိုဒေါင်အတွင်းတွင်ကားများကိုရပ်ထား ပြီးအတွင်းခန်းအဲကွန်းနှင့်ပန်ကာကိုအရှိန်မြင့်ဖွင့်ထားပါ။ကားတံခါးအားလုံးကိုပိတ်ပြီးစမ်းသပ်မည့်သူမှာကား၏အပြင်ဘက်ရှိနေပါရပါမည်။ ကား၏ပတ်ပတ်လည်ကိုလှည့်ပြီး ကားအတွင်းမှလေစိမ့်ထွက်နေသည့်နေရာများွကို ရှာရမည်ဖြစ်ပါသည်။

ယင်းနည်းလမ်းဖြင့်ကားအတွင်းခန်းအဲကွန်းအအေးလျော့ကျနေခြင်းလေစိမ့်ထွက်နေခြင်းများကိုသိရှိနိုင်မည်ဖြစ်ပါသည်။ အဲကွန်းလေဖိအားနှင့်ဓာတ်ငွေ့ပမာဏအဲကွန်း၏ကွန်ပရက်ဆာအတွင်းလေဖိအားနှင့်ဓာတ်ငွေ့ပမာဏကို တိုင်းထွာရပါမည်။ ယင်းနည်းလမ်းကိုကျွမ်းကျင်သူတစ်ယောက်ကသာလုပ်ဆောင်နိုင်မည်ဖြစ်ပြီးအထောက်အကူပြုပစ္စည်းတွေကိုလည်းလိုအပ်မည်ဖြစ်ပါသည်။

စနစ်အတွင်းမှယိုစိမ့်မှုများ အဲကွန်းစနစ်တစ်ခုလုံး၏ယိုစိမ့်မှုများကိုလည်းစစ်ဆေးရပါမည်။ ကားအဲကွန်းစနစ်အတွက် ချိတ်ဆက်လုပ်ဆောင်နေသည့်ပိုက်လိုင်းများ၊ လေအိုးများွ၊ ဆက်ကြောင်းများမှာ ယိုစိမ့်မှု ရှိ၊ မရှိကိုစစ်ဆေးရပါမည်။ စနစ်တစ်ခုလုံးလဲလှယ်သင့်ပြီလားကားအဲကွန်းတစ်ခုကိုထုတ်လုပ်စဉ်တည်းကကားအင်ဂျင်၏သက်တမ်းနှင့် ချိန်ကိုက်ပြီးထုတ်လုပ်ခြင်းဖြစ်ပါသည်။

ကားအင်ဂျင်နှင့်ဂီယာများကိုသာ အမြဲတမ်းအလေးပေးပြုပြင်နေကြသော်လည်းကားအဲကွန်းစနစ်ကိုတော့ အ တွင်းခန်းမအေးတော့မှစစ်ဆေးပြုပြင်ကြပါသည်။ တကယ်တမ်းကားအဲကွန်း၏သက်တမ်းလည်းကုန်ဆုံးချိန်ရှိပြီးအင်ဂျင်အရွယ်အစားနှင့်ကားအမျိုးအစား အလိုက်အဲကွန်းသက်တမ်းများမတူညီကြပါဘူး။

သို့သော်လည်းကားအဲကွန်းစနစ်တစ်ခုလုံးကိုလဲလှယ်ပြုပြင်ပေးသင့်သည့်အချိန်တစ်ခုရောက်ပါကမဖြစ်မနေကို လဲလှယ်ပေးရမည်ဖြစ်သည်။

ဆက်စပ်စနစ်တွေငြိနေလားကားအဲကွန်းပါဝါမကျခင်အချိန်တွင်ကားအင်ဂျင်များအရင်ဆုံးကျဆင်းတတ် ပါသည်။ တစ်ခါတလေတွင်အင်ဂျင်ကျချိန်နှင့်အဲကွန်းကျချိန်လည်းတူညီနေတတ်ပါသည်။ အင်ဂျင်တစ်ခုလုံးကိုသာ လဲလှယ်တတ်ကြပေမယ့်အဲကွန်းစနစ်ကိုတော့အသေးစား ပြုပြင်တာလောက်သာ လုပ်တတ်ကြပါသည်။

အဲကွန်းစနစ်နှင့်ဆက်စပ်နေသည့်အင်ဂျင်၊မော်တာ၊အဲကွန်းမီးပေးစနစ်စသည်တို့ချို့ယွင်းလာပါက်လည်း အဲကွန်း၏လုပ်ဆောင်နိုင်စွမ်းကျဆင်းပြီးအတွင်းခန်းအပူချိန်ကို မထိန်းနိုင်မှုများဖြစ်လာစေပါသည်။

ကွန်ပရက်ဆာလည်းအရေး ပါတယ်ကားအဲကွန်း၊ ကွန်ပရက်ဆာနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ဆေးရပါမည်။ ကားအဲကွန်း၊ကွန်ပရက်ဆာ၏သားရေဘတ်ကြိုး(Motor Belt)များလျော့နေပါကလည်း ကားအဲကွန်းစွမ်းရည် ကျဆင်းပါသည်။

ထို့ကြောင့်သားရေဘတ်ကြိုးအစိတ်အပိုင်းများလည်းစစ်ဆေးလဲလှယ်ပေးသင့်ပါသည်။

Myanmar Automobile Guide

Read 10113 times