ဆိပ်ကမ်းအခွန် ပေးဆောင်ထားသော ID ချိတ်ပိတ် Delivery Van များအနေဖြင့် သတ်မှတ်ဒဏ်ကြေး ပေးဆောင်ပြီးမှသာ ကနဦးမှတ်ပုံ တင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။
Custom Duty Commercial Tax ပေးဆောင်ထားပြီး ကန ဦးမှတ်ပုံတင် မပြုလုပ်ရသေးသည့် အခွန်တစ်ခြမ်းကျေ Delivery Van များကို ဒဏ်ကြေးကောက်ခံရန် ရှိ / မရှိ ကိစ္စနှင့်ပတ်သက်၍ ကြီးကော် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ် ချက်ချခဲ့ရာတွင် အုပ်စု C နှင့် အုပ် စု D တွင် ပါဝင်သော Delivery Van တင်သွင်းသူများ အနေဖြင့် သတ်မှတ်ဒဏ်ကြေး ပေးဆောင်ပြီး မှသာ ကနဦးမှတ်ပုံတင် ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။
“ID ချိတ်ပိတ်ထားတဲ့ Delivery Van တွေအနေနဲ့ အကောက်ခွန်ဦးစီးဌာနမှာ သတ်မှတ်ဒဏ်ကြေး ပေးဆောင်ပြီးမှ ကနဦးမှတ်ပုံ တင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ဒဏ်ကြေးတွေ သတ်မှတ်ထားတဲ့ အတိုင်း အုပ်စု C မှာပါဝင်တဲ့ကား က 1/4AV နဲ့ အုပ်စု D မှာ ပါဝင် တဲ့ကားက 1AV ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီကားတွေကို တင်သွင်းထားတဲ့သူ တွေအနေနဲ့ ဒဏ်ကြေးအပြင် ရက်လွန်ကြေးတွေကိုလည်း ပေးဆောင် ရမှာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Custom Duty ပေးဆောင် ထားပြီး ID ချိတ်ပိတ်ဖြင့် ကနဦးမှတ်ပုံတင် မပြုလုပ်ရသေးသည့် Delivery Van အစီးသုံးရာမှ လေးရာဝန်းကျင်ရှိရာ ကားအများစုမှာ နယ်စပ်မှ တင်သွင်းထားခြင်းဖြစ် သည်။
ယင်းကားများကို တင်သွင်းသူများက ဒဏ်ကြေးပေးဆောင်ရမည် ဆိုလျှင် ပြန်ရောင်းရန်မလွယ်ကူတော့သဖြင့် အခွန်တစ်ခြမ်း ပေးဆောင် ထားပြီး ဒဏ်ကြေးပေးဆောင်၍ ကနဦးနံပါတ်ပြုလုပ်ရန် အခက်တွေ့ နေကြောင်း Delivery Van တင် သွင်းသူများထံမှ သိရသည်။