Apple iCar က ကားဈေးကွက်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေပါသည်။
Apple မှမောင်းသူမဲ့ကားလောကကို ၂၀၁၃၊ ၂၀၁၄ ခုနှစ်ကတည်း ဝင်ရောက်နေသော်လည်း တရားဝင် ကြေငြာခဲ့တာကတော့မကြာသေးကြောင်းသိရသည်။
ယင်းမောင်းသူမဲ့ကားပရိုဂျက် “Project Titan”ကိုကယ်လီဖိုးနီးယားပြည်နယ်တွင်မောင်းသူမဲ့ကားကို တရားဝင် စမ်းသပ်နိုင်ဖို့အတွက်ပြည်နယ်အစိုးရရဲ့ဆီကို တရားဝင်စာတင်ရပါသည်။
Appleမှမောင်းသူမဲ့ကားပရိုဂျက်ကို “Project Titan” အမည်နဲ့စာတင်ခဲ့ပြီး သင်္ကြန်အကျနေ့တုန်းက တရားဝင် ခွင့်ပြုချက်ရခဲ့ပြီးဖြစ်ပါသည်။
Apple မှကားပရိုဂျက်အတွက်ကျွမ်းကျင်အင်ဂျင်နီယာအယောက် ၁၀၀၀ ကျော်ကိုငှားရမ်းနေပါသည်။ အတော်ဆုံးများကိုရွေးချယ်နေသကဲ့သို့ပြိုင်ဖက်ကုမ္ပဏီများအင်ဂျင်နီယာများကိုလည်း Apple ၏ပရိုဂျက်မှာ ပူးပေါင်းလုပ်ကိုင်ဖို့ ကမ်းလှမ်းမှုများရှိနေပါသည်။
ကားလောကပြောင်းလဲစေမည့်နည်းပညာမှာနှစ်ခုဖြစ်ပြီး Electrification လို့ခေါ်တဲ့ လျှပ်စစ်ကားသို့မဟုတ်Self-driving လို့ခေါ်သောမောင်းသူမဲ့ကားဟူ၍ နှစ်မျိုးရှိပါသည်။
Apple အနေုဖြင့် မောင်းသူမဲ့လျှပ်စစ်ကားလုပ်ပြီး ဈေးကွက်ကိုကြီးစိုးနိုင်ဖို့ ကြိုးစားနေပြီးလျှပ်စစ်ကား များ၏အဓိကပြဿနာမှာအားသွင်းဖို့နေရာလိုအပ်ချက်ဖြစ်ပါသည်။
ဓါတ်ဆီဆိုင်များတွင်ဘတ္ထရီအားသွင်းရန့်နေရာပေါပေါများများရှိဖို့လိုအပ်ပါသည်။
အလိုအလျောက်မောင်းနှင်နေမှုမှလိုအပ်ပါကလူသားထိန်းချုပ်မှုအောက်ကိုပြန်ထားနိုင်သကဲ့သို့အဝေးမှထိန်းချုပ်မောင်းနှင်လို့ရမည်ဖြစ်သည်။
ပြည်နယ်အစိုးရဆီသို့ဖြည့်သွင်းရသည့်ဖောင်တွင်သူတို့အနေနဲ့ လက်ကိုင် Steering စနစ်၊ အရှိန်မြှင့်ခြင်း၊ အရှိန်လျော့ခြင်းနဲ့ ရွေ့လျားမောင်းနှင်မှုအမျိုးအမျိုးကို စမ်းသပ်ရန်တရားဝင် ရေးသားထားကြောင်း သိရသည်။
အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါကမောင်းနှင်သူမှ Logitech လက်ကိုင်ကိုကိုင်ပြီး အချိန်မရွေး ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။