Hyundai မှ ကားတံခါးဖွင့်ခြင်းနှင့် စက်နှိုးခြင်းအတွက် လက်ဗွေနည်းပညာသစ်ကို ပြသ


Hyundai သည် စမတ်ဖုန်းတွင်ပါဝင်သည့် နည်းပညာနှင့်ဆင်တူသော လက်ဗွေစနစ်ဖြင့် ကားတံခါးဖွင့်ခြင်း၊ စက်နှိုးခြင်းတီု့ လုပ်ဆောင်ပေးသည့် နည်းပညာသစ်ကို မိတ်ဆက်ပြသခဲ့ကြောင်း CarAdvice ကားဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

Hyundai ၏ စနစ်တွင် အာရုံခံကိရိယာနှစ်ခုပါပြီး တစ်ခုမှာ အင်ဂျင် Start/Stop ခလုတ်၌ တပ်ထားကာ ကျန်တစ်ခုကို မောင်းသူဘက်ခြမ်းရှိ ကားတံခါးအပြင်ဘက် လက်ကိုင်တွင်တပ်ထားသည်။

ထိုစနစ်သည် ကားမောင်းသူတစ်ဦး၏ မတူညီသော လက်ဗွေရာသုံးခုစီကို မှတ်သား လုပ်ဆောင်ပေးနိင်ကြောင်းလည်း သိရသည်။

ထို့ပြင် လူတို့၏ လက်ဗွေရာမှာ အချိန်နှင့်အမျှ ပြောင်းလဲတတ်သဖြင့် Hyundai ၏ လက်ဗွေစနစ်က အသုံးပြုသူ၏ လက်ဗွေရာကို ကိုက်ညီအောင် အမြဲတမ်း လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

စမတ်ဖုန်း အာရုံခံကိရိယာထက် လေးဆခန့်ကြီးသည့် ကားတံခါးအပြင်ဘက် လက်ကိုင်ရှိအာရုံခံကိရိယာမှာ ပူပြင်းမှု၊ ဖုန်၊ မိုးနှင့် အေးခဲမှု စသောအခြေအနေများကို ကောင်းစွာခံနိင်ရည်ရှိကာ ကားတံခါးပွင့်သွားသည်နှင့် မောင်းသူထိုင်ခုံ၊ ဘေးဘက်နောက်ကြည့်မှန်များမှာ ကြိုတင်ချိန်ညှိထားသည့်အတိုင်း ပြောင်းလဲသွားကြောင်း Hyundai-Kia’s Namyang Institute မှ အကြီးတန်းဒီဇိုင်နာ Song Dong-Joon က ပြောကြားသည်။

Hyundai ၏စနစ်တွင် လက်ဗွေရာမှားယွင်းဖတ်နိင်မှုမှာ အကြမ်းဖျင်းလားဖြင့် ၀ ဒသမ ၀၀၀၂ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေငါးသောင်းတွင် တစ်ဦးနှုန်းသာရှိပြီး လက်ရှိကားစမတ်ကီးများထပ် ငါးဆပိုလုံခြုံကြောင်းလည်း Song Dong-joon က ပြောပါတယ်။

Hyundai သည် လက်ဗွေစနစ်ဖြင့် ကားတံခါးဖွင့်ခြင်း၊ စက်နှိုးခြင်း နည်းပညာသစ်ကို Santa Fe Crossove ကားအမျိုးအစား၌ စတင်အသုံးပြုကာ ၂၀၁၉ ခုနှစ်တွင် တရုတ်နိင်ငံ၌ ဖြန့်ချီသွားမည်ဟု သိရသည်။

Read 500 times