Hyundai သည် ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သူဖြစ်လာ


Hyundai သည် ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သူဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့တတိယအကြီးဆုံး ကားထုတ်လုပ်သူဟာ အမေရိကန်၊ ဂျပန် သို့မဟုတ် ဥရောပမှမဟုတ်တော့ပါ။  တောင်ကိုးရီးယားမှ Hyundai က ကမ္ဘာ့တတိယအကြီးဆုံးကားထုတ်လုပ်သူ ဖြစ်လာပါသည်။
Toyota နှင့် Volkswagen တို့သည် ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားလုပ်ငန်းတွင် ထိပ်ဆုံးနေရာအတွက် နှစ်စဉ် အကြိတ်အနယ် ယှဉ်ပြိုင်နေကြချိန်တွင် Hyundai က သူတို့နောက်မှာ  တိတ်တဆိတ် နေရာဝင်ယူလိုက်ပါသည်။ 
တစ်နှစ်တာ ရောင်းရစီးရေတွင် Hyundai က General Motors၊ Nissan နှင့် Stellantis တို့ကို ကျော်တက်ခဲ့ပါသည်။
ကိုးရီးယားပြည်တွင်းစျေးကွက်အတွက် တန်ဖိုးသင့်ကားများ ထုတ်လုပ်ရန် လွန်ခဲ့သည့် ၅၅ နှစ်ကစတင်တည်ထောင်ခဲ့သည့် Hyundai သည် နိုင်ငံတကာဈေးကွက်ထဲသို့ ၁၉၈၀ ပြည့်လွန်နှစ်များမှာ စတင်ဝင်ရောက်ခဲ့ပါသည်။ နာမည်တစ်လုံးရဖို့ ဆယ်စုနှစ်များတစ်လျှောက် ကြိုးပမ်းခဲ့ပြီး ယခုအခါ Hyundai ၏ Genesis သည်အခြားစည်းစိမ်ရှိ ကား brand များကို ပခုံးချင်းယှဉ်နိုင်နေပြီ ဖြစ်ပါသည်။
ယခုနှစ် အမေရိကန်ဈေးကွက်မှာ Tesla Inc.  နောက်မှာ Ford နှင့်အတူ Hyundai က နေရာယူထားပါသညါ။

"ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ၊ ဒီနှစ်မှာတော့ ကျွန်တော်တို့ အရမ်းအား ကောင်းခဲ့ပါတယ်" ဟု အသက် ၅၈ နှစ်ရှိသူ Hyundai ဥက္ကဋ္ဌနှင့် တွဲဖက်အမှုဆောင်အရာရှိချုပ် Jaehoon Chang က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုသည် အဓိကကျပါတယ်။ ချစ်ပ်ပြတ်လပ်နေသော်လည်း တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်အောင်နှင့် ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင်  ကြိုးစားပါတယ်" ဟု ၎င်းက ပြောကြားသည်။
ကြုံခဲ့ရသည့် ကြီးမားသော စိန်ခေါ်မှုများမှ ရုရှားနိုင်ငံမှ စက်ရုံအကြီးစားတစ်ခု ထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းထားရခြင်း၊ အမေရိကန်အစိုးရ ဥပဒေသစ်ကြောင့် Hyundai ၏ အီးဗီများအတွက် အစိုးရ ထောက်ပံ့ကြေး မရနိုင်တော့ခြင်းတို့ ဖြစ်ပါသည်။
ထို့ပြင် ကုန်ကြမ်းစရိတ် မြင့်မားခြင်း၊ ချပ်စ်ပြတ်လပ်ခြင်းနှင့် Alabama ရှိ Hyundai ထံ ပစ္စည်းပေးသွင်း သူများသည် အသက်မပြည့်သေးသည့် အလုပ်သမားများကို ငှားရမ်းခဲ့ကြောင်း စွပ်စွဲမှုများလည်း ရင်ဆိုင်နေရသည်။
မြောက်အမေရိကသည် ယမန်နှစ်က Hyundai ရောင်းအားစုစုပေါင်း၏ ၂၁ % ကို ကိုယ်စားပြုသည်။ Hyundai အဖို့ အကြီးမားဆုံးဈေးကွက် ဖြစ်လာခဲ့သည်။ ပြည်တွင်းဈေးကွက် ရောင်ူအားဝေစုမှာ ၁၇% မျှသာ ရှိခဲ့ပါသည်။

 

Hyundai Motor Hyundai ဥက္ကဋ္ဌနှင့် တွဲဖက်အမှုဆောင်အရာရှိချုပ် Jaehoon Chang  

 

Hyundai သည် ထုတ်လုပ်မှုကို တောင်ကိုရီးယားတွင် အခြေစိုက်ထားသည်။ တောင်ကိုရီးယားနိုင်ငံ Ulsan ရှိ ၎င်း၏ ကားစက်ရုံသည် ကမ္ဘာ့အကြီးဆုံး ကားစက်ရုံဖြစ်သည်။ တစ်နှစ်လျှင် စီးရေ ၁.၄ သန်း ထုတ်လုပ်သည်။

ကားထုတ်လုပ်ရန် လိုအပ်သော စတီးမှအစ ထုတ်လုပ်ပြီးသောကားများ ပြည်ပတင်ပို့ရန် ကားတင်သင်္ဘောများအဆုံး Hyundai လုပ်ငန်းစု၏ လုပ်ငန်းခွဲများထံမှ ရယူသုံးစွဲသည်။ 
Hyundai သည် ပြည်ပတွင် နောက်ထပ် ကားစက်ရုံ ၉ ခု ထားရှိသည်။ ယမန်နှစ် ၂၀၂၁ တွင် ကားစီးရေ ၆.၆ သန်း ရောင်းချခဲ့သည်။ 
Source The Japan Times

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 3357 times