Hyundai ကားစက်ရုံ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို အလုပ်ခန့် 


Hyundai ကားစက်ရုံ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို အလုပ်ခန့် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Hyundai ကို စတင်တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားမှ ကားစက်ရုံတွင် နည်းပညာရှင်များအဖြစ် အလုပ်လုပ်ကိုင်ရန် အမျိုးသမီးများထံမှ လျှောက်လွှာများကို လက်ခံလျက်ရှိသည်။
Hyundai သည် တောင်ကိုရီးယားရှိ ၎င်း၏ ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် နည်းပညာရှင်အဖြစ် အမျိုးသမီးခြောက်ဦးကို အလုပ်ခန့်ခဲ့သည်။
၁၉၆၇ ခုနှစ် ကတည်းက ထူထောင်ခဲ့သော  Hyundai စက်ရုံသည် တပ်ဆင်ရေး လိုင်းလုပ်သားအဖြစ် အမျိုးသမီးများကို  ယခုမှ ပထမဆုံးအကြိမ် အလုပ်လျှောက်ထားရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကိုရီးယား သတ္တုလုပ်သားများ သမဂ္ဂ Korean Metal Workers’ Union (KMWU) ၏ဖိအားကြောင့် တောင်ကိုရီးယား ကားထုတ်လုပ်သူ Hyundai သည် မကြာသေးမီကမှ အမျိုးသမီးများထံမှ လျှောက်လွှာများကို စတင်လက်ခံခဲ့ခြင်းဖြစ်ကြောင်း Bloomberg က သတင်းဖော်ပြခဲ့သည်။
 
ကမ္ဘာ့ တတိယအကြီးဆုံး ကားထုတ်လုပ်သူ Hyundai သည် ကားထုတ်လုပ်ရေး အခန်းကဏ္ဍများတွင် အမျိုးသမီးများကို အလုပ်လျှောက်ထားရန် ခွင့်မပြုသဖြင့်  ကျား-မ တန်းတူညီမျှမှုကို မြှင့်တင်ရန် Hyundai အား KMWU က တွန်းအားပေးနေခဲ့သည်။
Hyundai သည် အမျိုးသမီးများအား ကုန်ထုတ်လုပ်ငန်းတွင် ယာယီလုပ်ကိုင်ခွင့်ပေးထားပြီးဖြစ်သော်လည်း လက်ခွဲကန်ထရိုက်တာ လုပ်ငန်းများမှတစ်ဆင့်သာ ခွင့်ပြုထားခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် တိုက်ရိုက်ခန့်ထားခြင်း မရှိခဲ့ချေ။

 

Hyundai သည် တောင်ကိုရီးယားရှိ ၎င်း၏ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံများတွင် အမျိုးသမီး နည်းပညာရှင်များ ကျေနပ်လောက်သော အရေအတွက်ကို အလုပ်ခန့်ထားရန်အတွက် အလှမ်းဝေးနေဆဲ ဖြစ်သည်။
ကားစက်ရုံတွင် နောက်ဘိတ်ဆုံးအသုတ် အလုပ်ခန့်ခဲ့ရာတွင် စုစုပေါင်း လုပ်သား ၂၀၀ ဦး ခန့်သည့်အထဲ အမျိုးသမီး ၆ ဦးသာ ပါသည်။

တောင်ကိုရီးယားမှ ကားစက်ရုံများတွင် နည်းပညာရှင် ၂၈,၀၀၀ လုပ်ကိုင်လျက် ရှိရာ၌ အမျိုးသမီး ၂% သာ ပါဝင်သည်ဟု KMWU က ပြောကြားသည်။
Source jalopnik
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 247 times