Hyundai Motor ကားစက်ရုံသည် ဗီယက်နမ်နိုင်ငံတွင် ဒုတိယမြောက် ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံကို စတင်ခဲ့ပြီး ၎င်းစက်ရုံ စျေးကွက်တွင် အောင်မြင်လာပြီး ၁၄၀ ရာခိုင်နှုန်း တိုးတက်လာတယ် လို့ သိရပါတယ်။
Ninh Binh ပြည်နယ်တွင် တောာင်ကိုးရီးယား ကားထုတ်လုပ်သူများက အွန်လိုင်းကားရောင်းဝယ်ရေးလုပ်ငန်း အတွက် ၃.၂ ထရီလီယံ (ဒေါ်လာ ၁၃၈ သန်း) ရင်းနှီးမြှုပ်နှံပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ စတင်အကောင်အထည် ဖော်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။
ဗီယက်နမ်နိုင်ငံ ရှိ Hyundai ကားထုတ်လုပ်ရေးလုပ်ငန်းဟာဆိုရင် ၂၀၂၅ ခုနှစ်မှာ လုပ်ငန်းကို အပြည့်အဝလည်ပတ်ပြီး တစ်နှစ် ကားအစီးရေ ၁ သိန်း ၇ သောင်းကျော် အထိ တိုးမြှင့် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါက ကြီးမားတဲ့ ကားထုတ်လုပ်မှု လုပ်ငန်းများအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမယ်လို ခန့်မှန်းထားပါတယ်။
ပြီးခဲ့သည့်နှစ်က ဗီယက်နမ် မော်တော်ကားထုတ်လုပ်သူများအသင်း၏ သတင်းများအရ ကားရောင်းဝယ်မှုမှာ Hyundai ကားထုတ်လုပ်ရောင်းချမှုဟာဆိုရင် မနှစ်ကထက် ရောင်းအား၄ သိန်းကျော်အထိ မြင့်တတ်လာခဲ့ပါတယ်။ လူတွေ ဝင်ငွေတိုးလာတာနဲ့အမျှ ရောင်းအားလည်း လက်ရှိအတိုင်း ဆက်လက် မြင့်တက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဗီယက်နမ် အစိုးရအနေနဲ့လည်း ပြည်တွင်းကားထုတ်လုပ်မှု လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြဖို့အတွက် တိုက်တွန်းခဲ့ပြီး တစ်ဖက်မှာလည်း ကားလုပ်ငန်းတွေအပေါ် အခွန်စီးကြပ်မှုကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။ ဥပမာ - ကားအပိုပစ္စည်းထုတ်လုပ်မှုအပေါ် အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တွင် ဗီယက်နမ် ရှိ Hyundai ကားထုတ်လုပ်သူများက ဗီယက်နမ်စျေးကွက်အတွင်းရှိ ပြည်တွင်း ကားပစ္စည်းရောင်းသူများဖြစ်တဲ့ Thanh Cong Group နှင့် ပူးပေါင်းခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းနှင့် ပတ်သက်ပြီး Hyundai က ဒေသန္တရ တပ်ဆင်မှုလုပ်ငန်းများအတွက် အပိုပစ္စည်းများကို တင်သွင်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ဗီယက်နမ် Hyundai ကားထုတ်လုပ်မှု လုပ်ငန်းက ၂၀၂၀ ခုနှစ် ပထမ ခြောက်လပတ်တွင် ကားအစီးရေ ၂,၅၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး တောင်းကိုရီးယားသတင်းမီဒီယားများအဆိုအရ Hyundai ကားထုပ်လုပ်ရောင်းချမှုဟာ ပထမ ခြောက်လပတ်တွင် Toyota Motor ကားလုပ်ငန်း ထက် ပထမဆုံးအကြိမ် ကားထုတ်လုပ်ရောင်းချမှု ပိုများခဲ့ပြီး ဦးဆောင်နေရာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဂျပန် ကားထုတ်လုပ်သူများက လည်း Toyota နဲ့ Honda ကားလုပ်ငန်းကို တိုးချဲ့နေကြပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လ တွင် ဗီယက်နမ် ပြည်တွင်း ကားထုတ်လုပ်မှုလုပ်ငန်း အမှတ်တံဆိပ် Vingroup က ကားထုတ်လုပ်မှုတွေ စတင်ခဲ့ပြီး လက်ရှိအချိန်တွင် လျှပ်စစ်မော်တော်ကားတွေကို ထုတ်လုပ်ဖို့အတွက် စီစဉ်နေလို့ သိရပါတယ်။
By Aung Win
Ref Link : Asia Nikkei Review