Hyundai က ဂျာမနီသို့ ဟိုက်ဒြိုဂျင် လျှပ်စစ်ထရပ်များ ပေးပို့မည်


Hyundai က ဂျာမနီသို့ ဟိုက်ဒြိုဂျင် လျှပ်စစ်ထရပ်များ ပေးပို့မည်

Hyundai Motor Company က  XCIENT Fuel Cell ထရပ်ကား ၂၇ စီးကို ဂျာမနီသို့ တင်ပို့မည်။ 

အဆိုပါ ထရပ်ကားများတွင် လျှပ်စစ်စွမ်းအင် 180 kilowatt ထုတ်လုပ်သော ဟိုက်ဒြိုဂျင် လောင်စာဆဲလ်စနစ်ပါသည်။

ဟိုက်ဒြိုဂျင်ထည့်ရန် တိုင်ကီ ၇ လုံး ပါသည်။

လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်ရန် ဘက်ထရီ အထုပ် ၃ ခုပါသည်။ ဘက်ထရီတစ်ထုပ်လျှင် ကီလိုမီတာ ၄၀၀ ( ၂၄၉ မိုင်နီးပါး) ခရီးတာကို မောင်းနှင်နိုင်သည်။

ထရပ်ကားများ မီးခိုး ထုတ်လွှတ်မှု နည်းပါးရန်၊ ထုတ်လွှတ်မှု သုညဖြစ်ရန် ကြိုးပမ်းကြရာတွင် ဟိုက်ဒြိုဂျင် သုံးစွဲခြင်းသည် နည်းလမ်းတစ်ခု ဖြစ်သည်။

 Hyundai Motor Group ၏ Xcient လောင်စာဆဲလ် လျှပ်စစ်ထရပ်ကားကို လက်လီအရောင်း ပစ္စည်းဖြန့်ချိရေး၊ လော့ဂျစ္စတစ်နှင့် ကုန်ထုတ်လုပ်ငန်း စက်ရုံများတွင် သုံးစွဲနိုင်သည်။

XCIENT ကို ဥရောပ ဈေးကွက်မှ ဆွစ်ဇာလန်နိုင်ငံသို့ ၄၇ စီး ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။ ၄၇ စီး စုစုပေါင်း မောင်းနှင်ပြီးသည့် ခရီးတာမှာ ဇူလိုင်လကုန်တွင် ကီလိုမီတာ ၄ သန်းကျော်နေပြီ ဖြစ်သည်။

Hyundai Motor Group က ၂၀၂၈ သို့ ရောက်ရှိသည့်အခါ ကုမ္ပဏီက လုပ်ငန်းသုံးယာဉ်များကို ဟိုက်ဒြိုဂျင် လောင်စာဆဲလ်ဖြင့်သာ ထုတ်လုပ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

၂၀၂၃ တွင်လောင်စာဆဲ စနစ် မျိုးဆက်သစ်ကို စတင်သုံးစွဲမည်ဖြစ်ကြောင်း ကြေညာ ထားသည်။ 

၂၀၃၀ တွင် လောင်စာဆဲလ် ထရပ်ကားဈေးနှုန်းများသည် ဘက်ထရီလျှပ်စစ်မော်တော်ယာဉ်များနှင့် ယှဉ်နိုင်သည့် ဈေးနှုန်းဖြစ်ရန် ရည်မှန်းချက် ထားရှိသည်။

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Source; cnbc

Read 1761 times