တောင်ကိုရီးယားအခြေစိုက် Hyundai ကားကုမ္မဏီက ထုတ်လုပ်သည့် Hyundai Sonata၏ ၂၀၁၁ မော်ဒယ်သည် ပြသနာအများဆုံးဖြစ်တတ်သည်။
၁။ အင်ဂျင်ပြဿနာ
၂၀၁၁ မော်ဒယ်ကားကို ကီလိုတစ်သိန်းခွဲ မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
ခရီးဝေးမောင်းနှင်သည့်အခါ (သို့) လမ်းကြမ်းခရီးများ မောင်းနှင်နေရင်းနှင့် အင်ဂျင်က ရပ်တန့်သွားတတ်သည့် ပြဿနာဖြစ်ပြီး အင်ဂျင်ရပ်သွားရင် ပြန်နှိုးရခက်ခဲပါသည်။
၂။ပါကင်မီးလင်းခြင်း
၁၉၉၄ မော်ဒယ်မှ ၂၀၀၈ မော်ဒယ်အထိ ကီလိုတစ်သိန်း မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
Parking Lights အချက်ပြမီးသည် အမြဲလင်းနေတတ်ပါသည်။
အဖြစ်များတာကတော့ fuse box အခန်းငယ်ထဲတွင် ချို့ယွင်းနေခြင်းဖြစ်ပါသည်။
အသစ်လဲလှယ်ပြုပြင် လိုက်သည်နှင့် ပါကင်မီးလင်းခြင်းပြန်ငြိမ်သွားပါမည်။
၃။အော်တိုဂီယာပြဿနာ
၂၀၀၄ မော်ဒယ်မှ ၂၀၁၆ မော်ဒယ်အထိ ကီလိုတစ်သိန်းမောငး်နှင်ပြီးသည့်အခါ အဖြစ်များပါသည်။
အော်တိုဂီယာပုံမှန်အလုပ်မလုပ်ဘဲ ခက်ခဲနေခြင်းဖြစ်ပါသည်။
ထိုအတွက် ဂီယာဝိုင်လဲလှယ်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။
သတ်မှတ်ထားသည့် ဂီယာဝိုင်ကို သတ်မှတ်ချက်ပမာဏ ပြည့်မီသည့်အထိ ဖြည့်စွက်ရပါမည်။
နောက်တစ်ချက်က ဂီယာထိန်းချုပ်သည့်စနစ်အပေါ် ကွန်ပျုတာ၏ ထိန်းချုပ်သည့် စနစ်များက up to date ဖြစ်နေရန်လည်း လိုအပ်ပါသည်။
အော်တိုဂီယာကို ပြုပြင်သည့်အနေရာတွင် Hyundai ၏သတ်မှတ်ချက်များနှင့် ကိုက်ညီနေရပါမည်။
၄။အင်ဂျင်ကအသံမြည်ခြင်း
၂၀၀၀ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ကီလိုတစ်သိန်းမောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
အင်ဂျင်ကိုအချိန်တော်ကြာ ရပ်ထားရာမှ စက်စတင်နှိုးသည့်အခါ အင်ဂျင်က အသံမြည်နေတတ်ခြင်းဖြစ်ပါသည်။
နောက်ဆုံးငါးစက္ကန့်၊ ခြောက်စက္ကန့်အထက်ပိုပြီး အသံမြည်နေရင် အင်ဂျင်ကို ရပ်တန့်လိုက်ပြီး အင်ဂျင်ဝိုင်အနေအထားကို စစ်ဆေးရပါမည်။
အင်ဂျင်ဝိုင်၏ အရည်အသွေးက ပုံမှန်အနေအထားနှင့် အင်ဂျင်ဝိုင် ပမာဏသည် ပုံမှန်ဖြစ်နေရင် အသံမြည်ရသည့် ပြဿနာသည် timing Chain tensioner ကြောင့်ဖြစ်သည်။
၅။အင်ဂျင်ချက်မီးလင်းခြင်း
၁၉၉၉ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသည့် sonata ကားများတွင် အဖြစ်များပါသည်။
များသောအားဖြင့် check engine light အင်ဂျင်ချက်မီးလင်းနေသည်မှာဂီယာစနစ်အတွင်းတွင်ရှိသည့် စပိဆင်ဆာ(speed sensors) များချို့ယွင်းသောကြောင် အဖြစ်များပါသည်။
စပိဆင်ဆာများကို စစ်ဆေးပြီး ချို့ယွင်းသည့် ဆင်ဆာကို အသစ်လဲလှယ်ရပါမည်။
၆။စပီကာက အသံလာခြင်း
၂၀၁၁ မော်ဒယ်မှ ၂၀၁၇ မော်ဒယ်အထိ sonata ကားများတွင် အဖြစ်များပါသည်။
ဟိုက်ဘရစ်မဟုတ်သည့် sonata များတွင် အဖြစ်များပါသည်။
ထိုအသံစနစ်တွင် CD player,radio,navigation,ဂြိုလ်တုဆက်သွယ်ရေးစနစ်နှင့် တယ်လီဖုန်းခေါ်ဆိုလိုရသည့် စနစ်များ ပါရှိသည်။
ထို function များကိုအသုံးပြုသည့်အခါ စပီကာအားလုံးက အသံမလာခြင်းဖြစ်ပါသည်။
ဘက်ထရီနှင့်အနုတ်လက္ခဏာနှင့်ပြသည့် နဂ္ဂတစ်ငုတ်(negative baltery terminal) တွင်ဆက်သွယ်သည့် ၀ါယာကို ခဏဖြုတ်ထားခြင်းဖြစ်ပါသည်။
၁၅ မိနစ်လောက်စောင့်ပြီး negative battery terminal ကိုပြန်ချိတ်ဆက်လိုက်ပါ။
အသံစနစ်ကပုံမှန် ပြန်အလုပ်လုပ်ပါသည်။
Reset ချလိုက်သည့်သဘောဖြစ်ပါသည်။
၇။အင်ဂျင်လည်ပတ်ကြမ်းတမ်းလာခြင်း
၁၉၉၈ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ ကီလိုတစ်သိန်းမောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။
အင်ဂျင်ကို စက်နှိုးပြီး အလွတ်လည်ပတ်စေသည့်အခါ ကြမ်းတမ်းနေတတ်ခြင်းဖြစ်ပါသည်။
Exhaust Gas Recirculation(EGR) switching valve တွင်ပြသနာရျိနေပါသည်။
ထို့ကြောင့်အင်ဂျင်အတွင်းဘက်တွင် ကြမ်းတမ်းသည့် လည်ပတ်ခြင်း သို့မဟုတ် အလွတ်လည်ပတ်စေသည့်အခါ ကြမ်းတမ်းခြင်းများ ဖြစ်ပေါ်ပါသည်။