တရုတ်ပြည်မှ ကားစက်ရုံ  ခေါက်ချိုးဈေးဖြင့် ဟွန်ဒိုင်း ရောင်းချ


တရုတ်ပြည်မှ ကားစက်ရုံ  ခေါက်ချိုးဈေးဖြင့် ဟွန်ဒိုင်း ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်ပြည်ကားဈေးကွက်သည့် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက် ဖြစ်သော်လည်း ဟွန်ဒိုင်းအဖို့ ရောင်းအား နည်းပါးသည့် ဈေးကွက် ဖြစ်နေသည်။ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ဟွန်ဒိုင်း ရောင်းအားစုစုပေါင်းတွင် တရုတ်ပြည်ရောင်းအားသည် ၅% မျှသာ ရှိသည်။


Hyundai Motor Co ၏ တရုတ် ဖက်စပ်လုပ်ငန်းသည် ချုံကင်းမြို့ရှိ ၎င်း၏စက်ရုံကို ယွမ် ၁.၆၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၅ သန်း) ဖြင့် ရောင်းချခဲ့သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စက်ရုံကို ရောင်းချရန် ဈေးခေါ်ခဲ့စဉ်က ဈေးနှုန်း၏ ထက်ဝက်ထက် နည်းနေသောစျေးနှုန်းဖြင့် ရောင်းချခြင်း ဖြစ်သည်။

ချုံကင်းကားစက်ရုံသည် တရုတ်ပြည်မှ Beijing Automotive Group နှင့် ဟွန်ဒိုင်းတို့ ဖက်စပ်လုပ်ကိုင်သည့်  စက်ရုံဖြစ်ပြီး တနှစ်လျှင် အစီးရေ ၃ သိန်းအထိ ထုတ်လုပ်နိုင်သည်။  ၂၀၁၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။
ဟွန်ဒိုင်းသည် တရုတ်ပြည်တွင် ရောင်းအား ထိုးကျနေသဖြင့် တရုတ်ပြည်တွင် ကားထုတ်လုပ်ရောင်းချခြင်းအစား တင်သွင်းရောင်းချမည် ဖြစ်သဖြင့် တရုတ်ပြည်မှ ကားစက်ရုံများကို ရောင်းချခြင်း ဖြစ်ပါသည်။
 စက်ရုံကို Chongqing Liangjiang District Yufu Industrial Park Construction Investment Ltd ထံသို့ ရောင်းချခဲ့သည်။ ၎င်းကုမ္ပဏီသည် အစိုးရ မြူနီစပါယ် ရန်ပုံငွေဖြင့် ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့အစည်း ဖြစ်သည်။ သို့ဖြစ်ရာ စက်ရုံကို ဒေသခံအာဏာပိုင် အဖွဲ့အစည်းမှ ဝယ်ယူလိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါစက်ရုံကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ယွမ် ၃.၆၈ ဘီလီယံဖြင့် ရောင်းမည်ဟု  ကနဦးက ကြေညာခဲ့သည်။ ၂ လ အကြာ အောက်တိုဘာလတွင် ယွမ် ၂.၅၈ ဘီလီယံသို့ ဈေးချပေးခဲ့သည်။ ဒီဇင်ဘာလတွင် ယွမ် ၁.၆၂ ဘီလီယံဖြင့် အရောင်းအဝယ် ဈေးတည့်သွားခဲ့ပါသည်။

Source fmt
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 6402 times