တောင်ဆင်းတောင်တက်ခရီးများအတွက်သင့်တော်သည့်Hyundai Santa Fe


တောင်ကိုရီးယားအခြေစိုက် Hyundai ကုမ္ပဏီမှထုတ်လုပ်သည့် Hyundai Santa Fe ကားအမျိုးအစားသည်

မက်စောက်သည့်ကုန်းစောင်းများတွင်မောင်းနှင်သည့်အခါအလိုအလျောက်အမြန်နှုန်းထိန်းပေးသည့်ဘရိတ် စနစ်( DBC) ပါရှိပါသည်။

ယင်းစနစ်မှာကုန်းစောင်းများနှင့်ကုန်းအဆင်းများတွင်မောင်းနှင်သည့်အခါ လိမ့်ဆင်းမသွားစေရန်ကာကွယ်ပေး နိုင်ပါသည်။

၂၀၁၆ မိုဒယ် Hyundai Santa Fe ၏ဈေးနှုန်းမှာကျပ် ၅၆၅ သိန်းဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့်သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံရရှိမည်ဖြစ်ပါသည်။

2.2L CRDi ဒီဇယ်အင်ဂျင်ကိုအသုံးပြုထားပြီး စွမ်းဆောင်ရည်အနေဖြင့် 3800rpm တွင် 197 hpရှိပါသည်။

အော်တိုဂီယာခြောက်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

ခုနှစ်ယောက်စီးအက်စ်ယူဗီကားအမျိုးအစားဖြစ်ပြီး လုံခြုံစိတ်ချစေမှုနှင့် ခေတ်မီလှပသည့်ဒီဇိုင်းများနှင့်အဆင့် မြှင့်ထားပါသည်။

ရှေ့လေဝင်ပေါက်ကျယ်ဝန်းပြီး ခရိုမီယမ်ရှဲလ်တန်းသုံးတန်း၏အလယ်တွင်ဟွန်ဒေး၏ လိုဂိုတံဆိပ်တပ်ဆင်ထားပါသည်။


ရှဲလ်၏တဖက်စီတွင် LED Projector မီးလုံးများတပ်ဆင်ထားသည့်အတွက်အလင်းအားကောင်းမွန်ပြီး ကျယ်ဝန်းသည့်ပုံရိပ်များကိုတွေ့မြင်စေနိုင်ပါသည်။

Dynamic Bending Light စနစ်ပါဝင်သောကြောင့်ကား၏ဦးတည်ရာအတိုင်းအလင်းပြပေးနိုင်ပါသည်။

အချိုးအကွေ့များတွင်ရှေ့မှမြင်ကွင်းများကြိုတင်တွေ့မြင်နိုင်ပါသည်။

Daytime running light ဒေးလိုက်မီးလုံးများလည်းတပ်ဆင်ထားပါသည်။

အီလက်ထရောနစ်ပါဝါထိုင်ခုံစနစ်ဖြစ်သည့်အတွက်အလိုအလျောက်ချိန်ညှိပြီး အနွေးဓာတ်ပေးသည့်စနစ် ပါရှိပါသည်။

မိမိနှစ်သက်သည့်ထိုင်ခုံအနေအထားကို memory သွင်းထားနိုင်ပါသည်။

ဘေးမှန်များကိုလည်းအလိုအလျောက်ချိန်ညှိနိုင်ပြီး ပါဝါစတီယာရင်စနစ်ဖြစ်ပြီး normal နှင့် comfort mode နှစ်မျိုးရွေးချယ်နိုင်ပါသည်။

Hyundai ၏အဆင့်မြင့်အသံစနစ်ပါရှိပြီး ယူအက်စ်ဘီ၊ AUX ပေါက်များကတစ်ဆင့်ချိတ်ဆက်နားဆင်နိုင်မည် ဖြစ်ပါသည်။

အီလက်ထရွန်းနစ်ပါကင်ဘရိတ်(EPB) စနစ်ကယာဉ်ရပ်တန့်ရန်လိုအပ်သည့်အခါအလိုအလျောက်ဘရိတ်ဖမ်း ပေးနိုင်ပြီး ပါကင်ထိုးသည့်အခါလွယ်ကူစေပါသည်။

FBC စနစ်ပါရှိသည့်အတွက်တောင်တက်တောင်ဆင်းခရီးများတွင်အလိုအလျောက်အရှိန်နှုန်းထိန်းချုပ်ပေးပြီး လိမ့်ဆင်းမသွားစေရန် ကာကွယ်ပေးပါသည်။

ESC အီလက်ထရွန်းနစ်ထိန်းချုပ်စနစ်ကမြန်နှုန်းမြင့်မောင်းနှင်သည့်အခါနှင့်လမ်းအကွေ့များတွင်အရှိန်လွန်တိမ်းမှောက်ခြင်းများမဖြစ်စေရန် ယာဉ်၏တည်ငြိမ်မှုကိုထိန်းချုပ်ပေးပါသည်။

အဆင့်မြင့်ဘရိတ်စနစ်များဖြစ်သည့်အေဘီအက်စ်၊ အီးဘီဒီစနစ်များပါရှိသည့်အတွက် အတိအကျရပ်တန့်စေနိုင်ပြီး ယာဉ်မတော်တဆဖြစ်မှုများမှ ကာကွယ်ပေးနိုင်ပါသည်။

ပတ်လည်အသက်ကယ်လေအိတ်စနစ်ပါရှိပြီး အသက်ကယ်လေအိတ်ခြောက်လုံးအထိပါရှိသည့်အတွက်လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။

ယင်းကားအမျိုးအစားသည်မိသားစုခရီးထွက်ရန်သင့်တော်ပြီး off-road လမ်းကြမ်းခရီးများတွင်ပါ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

 

Read 1258 times