ဟွန်ဒိုင်း ရုရှားမှ ကားစက်ရုံ ၇၇ ဒေါ်လာဖြင့် ရောင်းချ


ဟွန်ဒိုင်း ရုရှားမှ ကားစက်ရုံ ၇၇ ဒေါ်လာဖြင့် ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တောင်ကိုရီးယားမှ Hyundai Motor သည် ရုရှားတွင် ၎င်း၏ စက်ရုံကို စတိသဘော ရူဘယ် ၇၀၀၀ (ဒေါ်လာ ၇၇.၆၇) ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့(ဒီဇင်ဘာ ၁၉)တွင် ပြောကြားသည်။

 ၎င်းစက်ရုံအတွက် ဟွန်ဒိုင်းသည် ဝမ် ၂၈၇ ဘီလီယံ (ကန်ဒေါ်လာ သန်း ၂၂၀ နီးပါး) အရှုံးခံရမည် ဖြစ်သည်။ 

စက်ရုံသည် စိန့်ပီတာဘတ်မြို့တွင် တည်ရှိပြီး ၂၀၂၂ ခုနှစ် မတ်လကတည်းက ရပ်ဆိုင်းထားရသည်။ 
ရုရှားမှ Art-Finance ထံ ရောင်းချခြင်းဖြစ်ပြီး အရောင်းအဝယ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြီးပြတ်မည် ဖြစ်သည်။
အရောင်းအဝယ် စာချုပ်တွင် နောင်တချိန်မှာ ဟွန်ဒိုင်းက ပြန်လည်ဝယ်ယူမည်ဆိုပါက ယခုရောင်းဈေးဖြင့် ဝယ်ယူခွင့် ရှိမည်ဖြစ်ကြောင်းကို ထည့်ချုပ်ထားသည်။
စက်ရုံအပါအဝင် ရုရှားမှ ဟွန်ဒိုင်းပိုင်ဆိုင်မှု အားလုံးအတွက် ရူဘယ် ၁ သောင်း ရရှိမည်ဟု ၎င်းက ပြောကြားသည်။ 

Hyundai နှင့် ၎င်း၏ လုပ်ငန်းခွဲ Kia Corp တို့သည်  ယူကရိန်း ကျူးကျော်စစ်မဖြစ်မီ ရုရှားတွင် အရောင်းရဆုံး အမှတ်တံဆိပ် သုံးခုတွင် ပါဝင်ခဲ့သည်။
စစ်စဖြစ်ချိန်မှစ၍ ကမ္ဘာ့ကားအမှတ်တံဆိပ်များ တခုပြီးတခု ရုရှားမှ ထွက်ခွာခဲ့ကြပြီး တရုတ်ကားလုပ်ငန်းများက နေရာဝင်ယူကြသည်။

မေလတွင် Volkswagen သည် ၎င်း၏ ရုရှားပိုင်ဆိုင်မှုများးကို Art-Finance သို့ ရောင်းချခဲ့သည်။
Art-Finance ကို ကားရောင်းဝယ်ရေးလုပ်ငန်းစုကြီး  Avilon မှ ကျောထောက်နောက်ခံပြုပေးထားသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 13309 times