ဂျပန်ပြည်တွင်း ကားဈေးကွက်ထဲကို တောင်ကိုရီးယား ကားလုပ်ငန်း Hyundai က ၂၀၀၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး Hyundai အမှတ်တံဆိပ်ကို အသိအမှတ်ပြုခြင်း ခံရတာ နည်းပါးခဲ့ပါတယ်။
မအောင်မြင်ဖြင့် ဆုတ်ခွာခဲ့ရပြီး ဂျပန် ပြည်တွင်း ကားဈေးကွက်ထဲ ကားတင်ပို့ခြင်း မပြုခဲ့တာ တစ်ဆယ်နှစ်ကျော် ရှိခဲ့ပါပြီ။
နှစ်ပေါင်း ၂၀ ကျော် ကြာပြီးချိန် ၂၀၂၂ ခုနှစ်ကျရင် Hyundai က တစ်ကျော့် ပြန်ဝင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ရေနံထွက် လောင်စာဆီ ကားတွေ ခေတ်ကုန်တော့မှာမို့ Hyundai က လောင်စာဆဲfuel cell မှ လျှပ်စစ်စွမ်းအင် ထုတ်ယူပြီး မောင်းနှင်တဲ့ လျှပ်စစ်ကားကို ဂျပန်မှာ ရောင်းချမှာ ဖြစ်ပါတယ်။
Nexo အမည်ရှိ ကားမော်ဒယ်ဖြင့် စတင်မှာ ဖြစ်ပြီး Kona Electric အမည်ရှိ ကားမော်ဒယ် SUV ကိုလည်း တစ်ဆက်တည်းမှာ ဈေးကွက် တင်မယ်လို့ ဆိုပါတယ်။
ဒီတစ်ကြိမ်မှာတော့ Hyundai ကားအမှတ်တံဆိပ်ကို အသိအမှတ်ပြုခံရဖို့ နောက်ဆုံးပေါ် နည်းပညာ အကောင်းဆုံး အရည်အသွေးတွေနဲ့ ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။
ဟွန်ဒိုင်းက လျှပ်စစ်ကား ထုတ်လုပ်မှုဆီသို့ ဦးလှည့်ထားပြီးပြီ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကား မော်ဒယ် ၂၃ မျိုး ပွဲထုတ်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။