Hyundai မိုးပျံတက္ကဆီ အတွင်းပိုင်း မိတ်ဆက်ပြသ


Hyundai မိုးပျံတက္ကဆီ အတွင်းပိုင်း မိတ်ဆက်ပြသ

Hyundai Motor Group  က ၂၀၂၁ နိုဝင်ဘာလမှာ Supernal အမည်ဖြင့် ဌာနခွဲ တစ်ခု ထူထောင်တယ်။ တန်ဖိုးသင့် မီးခိုးမဲ့ လေကြောင်းသွားလာရေးအတွက် ယာဉ်ပျံကို စောနိုင်သမျှ ဆောလျင်စွာဖြင့် ၂၀၂၈ မှာ ထုတ်လုပ်ဖို့ ရည်မှန်းချက် ချမှတ်ပါတယ်။


Supernal လျှပ်စစ် ထောင်လိုက်တက်ဆင်း  eVTOL (electric vertical take off and landing) ယာဉ်ပျံအမျိုးအစား ဖြစ်ပြီး မိုးပျံတက္ကဆီ ပြေးဆွဲဖို့အတွက် ရည်ရွယ်ထားပါတယ်။

ယူကေမှာ ကျင်းပနေတဲ့ 2022 Farnborough International Airshow မှာ Hyundai က Supernal ကို မိတ်ဆက်ပြသခဲ့ပါတယ်။
Supernal မိုးပျံတက္ကဆီရဲ့ အတွင်းပိုင်း နမူနာကို ပြသတာ ဖြစ်ပါတယ်။ 

ယာဉ်မောင်း အပါအဝင် ၅ ယောက်စီး ဖြစ်ပြီး လိပ်ပြာကို နမူနာ ယူထားပါတယ်။ ကိုယ်ထည်ကို ပေါ့ပေါ့ပါးပါး တောင့်တောင့်တင်းတင်း ဒီဇိုင်းထုတ်ထားပါတယ်။ 
ဘက်ထရီပါဝါဖြင့် မောင်းနှင်တာကြောင့် မိနစ်ပိုင်း ခရီးတိုကိုသာ ပျံသန်းနိုင်ပါတယ်။ ဘက်ထရီက အလေးချိန် စီးတာကြောင့် ဖြစ်နိုင်သရွေ့ အရွယ်သေးသေးကို သုံးရတာကြောင့် ပေးအပ်နိုင်တဲ့ လျှပ်စစ်စွမ်းအင်ပမာဏ အကန့်အသတ် ရှိနေပါတယ်။ 

 

Supernal အချိန်ကြာကြာ ပျံသန်းနိုင်ဖို့အတွက် ဟိုက်ဒြိုဂျင် လောင်စာဆဲလ်ကို အသုံးပြုနိုင်ဖို့ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 
ယာဉ်အရွယ်အစား ပိူကြီးပေးထားပြီး ခရီးဝေးဝေး ပျံသန်းနိုင်ဖို့ ဒီဇိုင်းထုတ်မယ်လို့ ဆိုပါတယ်။ 

 


Supernal က စက်ပိုင်းဆိုင်ရာကို လေယာဉ်အင်ဂျင်တွေ ထုတ်လုပ်တဲ့ Rolls-Royce နှင့် ပူးပေါင်းလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
လောင်စာဆဲလ်ဖြင့် ပျံသန်းနိုင်ဖို့အတွက် တွန်းကန်အားစနစ်သစ်ကို ဖန်တီးကြမှာ ဖြစ်ပါတယ်။ 
လောင်စာဆဲလ်ဖြင့် ပျံသန်းတဲ့ ယာဉ်ပျံကို ၂၀၃၀ နောက်ပိုင်းမှ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

 Hyundai Motor Group နှင့် Rolls-Royce Holdings တို့က Advanced Air Mobility (AAM) စျေးကွက်အတွက် လျှပ်စစ်ဓာတ်အားသုံး တွန်းကန်‌ေမာင်နှင်အားဖြင့် ပျံသန်းမယ့် ယာဉ်ပျံ ထုတ်လုပ်ဖို့  ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာကို  လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 


 Rolls-Royce ရဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်နိုင်နင်းမှုနှင့် အတွေ့အကြုံများကို  Hyundai ရဲ့ ဘက်ထရီလျှပ်စ်မော်တော်ယာဉ်နှင့် ဟိုက်ဒြိုဂျင်လောင်စာဆဲလ် နည်းပညာတို့နှင့် ပေါင်းစပ်ပြီး မြို့တွင်း နှင့် ခရီးဝေး မိုးပျံတက္ကဆီ မော်ဒယ်များ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide 
 Telegram Channel
https://t.me/Guid4U

Read 1175 times