Hyundai Myanmar မှ ၂၀၁၉ မော်ဒယ် Creta ကို စတင်မိတ်ဆက်


Hyundai Myanmar မှ ၂၀၁၉ မော်ဒယ် Creta ကို ပြည်တွင်းဈေးကွက်အတွင်း မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ မော်ဒယ် Creta သည် တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor Company မှ ထုတ်လုပ်ထားသော Compact SUV ကားအမျိုးအစား ဖြစ်ပါတယ်။

ဈေးနှုန်းသင့်တင့်ပြီး လောင်စာဆီသက်သာအောင် အသေးစား Compact ပုံစံ ထုတ်လုပ်ထားသလို အတွင်းခန်းကျယ်ဝန်မှုလည်း ရှိပါတယ်။

1600 CC ၊ ဒီဇယ်အင်ဂျင် 6-Speed Auto ဂီယာအပြင် Semi Manual ဖြင့်လည်း မောင်းနှင်နိုင်ပြီး လမ်းအချိုးအကွေ့များတွသ် မြင်နိုင်ရန်ခက်ခဲသော နေရာများကို ရှေ့ဘီးအချိုးအကွေ့အလိုက် မီးအလင်းအရောင် ထောက်ပံ့ပေးသော Still Bending Light တပ်ဆင်ထားကာ အဖြူရောင် LED မီးများကို အချက်ပြမီးအဖြစ် အသုံးပြုထားပါတယ်။

Projector Headlamp LED Positioning မီးလုံးများ တပ်ဆင်ထားပြီး Fog Lamp မီးကို အောက်ဘက်သို့နှိမ့်၍ တပ်ဆင်ထားပါတယ်။

သာမန်ထက် ထူးခြားသောဒိုင်ခွက်ဖြင့် ဇိမ်ခံကားတစ်စီးပုံစံ ဖန်တီးထားပြီး Audio System တွင် USB ၊ AUX ၊ Phone Bluetooth စသည့် Device များနှင့် ချိတ်ဆက်နိုင်သလို Mobile Phone များထဲမှ Music Player ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စီးနင်းသူ လုံခြုံရေးအတွက် အသက်ကယ်လေအိတ် နှစ်လုံး ပါဝင်ပြီး သာမန်စတီးထက် ခိုင်ခံသောစတီးကို ကားကိုယ်ထည်၏ အဓိကအစိတ်အပိုင်းများတွင် အသုံးပြုထားပြီး ရုတ်တရက် Brake ဖမ်းချိန်တွင် ဘီးကိုတည်ငြိမ်အောင် ထိန်းပေးသော Anti-lock Brake စနစ်လည်း ပါဝင်ပါတယ်။

Hyundai Creta ကို အမေရိကန်ဒေါ်လာ ၃၁,၈၀၀ ဖြင့် ဝယ်ယူနိုင်ပြီး သုံးနှစ် သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံဖြင့် ရောင်းချပေးသလို အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်။

Read 2012 times