ကားအစီး ၃,၀၀၀ ပေးသွင်းရန် လစ်ဗျားအစိုးရနှင့် Hyundai စာချုပ်ချုပ်ဆို
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဒုတိယ လစ်ဗျားပြည်တွင်းစစ်အတွင်း မသန်စွမ်းသူများအတွက် ကားအစီးရေ ၃၀၀၀ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက် လစ်ဗျားအစိုးရနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း Hyundai Motor က တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၈) တွင် ပြောကြားခဲ့သည်။
သဘောတူညီချက်အရ Hyundai Motor သည် Venue subcompact အစီးရေ ၃,၀၀၀ ကို လစ်ဗျား အစိုးရထံ ပေးသွင်းရမည်ဖြစ်သည်။
Hyundai Motor Venue subcompact
၂၀၂၃ ပထမနှစ်ဝက်အတွင်း အပြီးအစီး ပေးသွင်းရမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အရောင်းအဝယ်တန်ဖိုးပမာဏကို ထုတ်ပြန်ကြေညာခြင်း မပြုချေ။
ပြီးခဲ့သည့်နှစ် ၂၀၂၁ တွင်လည်း Hyundai Motor က ကားစီးရေ ၂,၁၀၀ ကို မသန်စွမ်းသူများအတွက် လစ်ဗျားနိုင်ငံမှ Social Solidarity Fund သို့ ပေးသွင်းခဲ့သည်။
ဒုတိယ လစ်ဗျားပြည်တွင်းစစ်သည် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးတု့ိအကြား ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့သော ပြည်တွင်းစစ်ဖြစ်သည်။ ၎င်းစစ်သည် ၂၀၁၄ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်အထိ ကြာမြင့်ခဲ့ပါသည်။
Source Yonhap
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U