အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အီးဗီစက်ရုံအသစ် ဆောက်လုပ်ရန် ဟွန်ဒိုင်း ပန္နက်ချ


  အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အီးဗီစက်ရုံအသစ် ဆောက်လုပ်ရန် ဟွန်ဒိုင်း ပန္နက်ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Hyundai Motor Co သည် တနင်္လာနေ့ (နိုဝင်ဘာ ၁၃)တွင် တောင်ကိုရီးယားနိုင်ငံမှာ ဝမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၅၂ ဘီလီယံ) တန်ဖိုးရှိ လျှပ်စစ်ကားစက်ရုံအသစ် ဆောက်လုပ်ရန် ပန္နက်ချပါသည်။
ဟွန်ဒိုင်းသည် အီးဗီဆီသို့ ကူးပြောင်းရန် အရှိန်မြှင့် လုပ်ဆောင်နေပါသည်။

ဟွန်ဒိုင်းအနေဖြင့် ပြည်ပတွင် ကားစက်ရုံများ ထူထောင်လျက် ရှိသော်လည်း တောင်ကိုရီးယားတွင် ကားစက်ရုံအသစ် မထူထောင်ခဲ့သည်မှာ ၂၉ နှစ်ကြာပြီးချိန်၌ အီးဗီစက်ရုံအသစ် ထူထောင်လိုက်ခြင်း ဖြစ်ပါသည်။

Hyundai Motor သည် Kia Corp နှင့်အတူ ရောင်းအားအရ ကမ္ဘာ့ တတိယအကြီးဆုံး ကားလုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိသည်။
ယခုစက်ရုံအသစ်သည် ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည် ဖြစ်ပြီး ၂၀၂၆ ခုနှစ် ပထမ ၃ လပတ်တွင် ထုတ်လုပ်မှု စတင်မည် ဖြစ်သည်။

အီးဗီစက်ရုံအသစ်သည် တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အူဆန်းမြို့တွင် တည်ရှိပြီး တစ်နှစ်လျှင် အစီးရေ ၂ သိန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ 
စစချင်းတွင် စည်းစိမ်ကား အမှတ်တံဆိပ် Genesis ၏ လျှပ်စစ် SUV မော်ဒယ်ကို ထုတ်လုပ်ရန် စီစဉ်ထားသည်။


Hyundai Motor Group သည်  Hyundai, Kia  နှင့် Genesis အမှတ်တံဆိပ်များဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အီးဗီမော်ဒယ် ၃၁ ခုအထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။

Source: Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 9226 times