တောင်ကိုရီးယားတွင် အီးဗီသီးသန့် ထုတ်လုပ်တဲ့ ပထမဆုံးကားစက်ရုံကို Hyundai Motor တည်ဆောက်မည်


တောင်ကိုရီးယားတွင် အီးဗီသီးသန့် ထုတ်လုပ်တဲ့ ပထမဆုံးကားစက်ရုံကို Hyundai Motor တည်ဆောက်မည်

 

တောင်ကိုရီးယားရဲ့ အကြီးမားဆုံး ကားထုတ်လုပ်ရေးလုပ်ငန်း  Hyundai Motor ရဲ့  အလုပ်သမားရေးရာနှင့် စီမံခန့်ခွဲရေးရာတို့ တောင်ကိုရီးယားတွင် လျှပ်စစ်ကား ထုတ်လုပ်မှု စက်ရုံသစ်တစ်ခု တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၂) မှာ ထုတ်ပြန်ကြေညာပါတယ်။ 

စက်ရုံအသစ်က ၂၉ နှစ်တာအတွင်း  တောင်ကိုရီးယားမှာ Hyundai Motor  ပထမဆုံး အသစ်တည်ဆောက်ဖြစ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ 

Ulsan  စက်ရုံမှာ အလုပ်သမားသမဂ္ဂနှင့် ၁၅ ကြိမ်တိုင်တိုင် လုပ်ခလစာကိစ္စ ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုများ တနင်္လာနေ့ (ဇူလိုင် ၁၁)မှာ ရရှိခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။ 

ကမ္ဘာ့ကားထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍာမှာ လျင်မြန်စွာ ပြောင်းလဲနေတာကို တုံ့ပြန်ဆောင်ရွက်မှု တိုးတက်ကောင်းမွန်ဖို့ အထောက်အကူ ဖြစ်စေပါတယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။ 

အနာဂတ် ယှဉ်ပြိုင်နိုင်စွမ်းကို စိတ်ချရစေမှာ ဖြစ်တဲ့အပြင် အလုပ်အကိုင်များ တည်မြဲရေးကိုလည်း သေချာစေမှာ ဖြစ်ကြောင်းလည်း ကုမ္ပဏီက ပြောကြားပါတယ်။ 

ကမ္ဘာတစ်လွှား အီးဗီ ဝယ်လိုအား လျင်မြန်စွာ တိုးလာနေတာကို အလျဉ်မီစေဖို့  Hyundai Motor  ကလျှပ်စစ်ကားများကိုသာ ထုတ်လုပ်တဲ့ စက်ရုံကို ၂၀၂၃ မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၅ မှာ ပြီးစီးဖို့ လျာထားပါတယ်။ 

၁၉၉၆ ခုနှစ်မှာ ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံကို  တောင်ကိုရီးယားနိုင်ငံ Asan မှာ တည်ဆောက်ခဲ့ပြီးတဲ့နောက်ပိုင်း ၂၉ နှစ်ကာလအတွင်း ပထမဆုံး တည်ဆောက်မယ့် Hyundai Motor  ကားစက်ရုံ ဖြစ်ပါတယ်။ 

Hyundai Motor Group  က ၂၀၂၅ အထိ ပြည်တွင်းမှာ ဝမ် ၆၃ ထရီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်း မေလမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ယခုလို အီးဗီသီးသန့် စက်ရုံ ဆောက်မှာ ဖြစ်တဲ့အပြင် ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များမှာ တည်ဆောက်ခဲ့တာ ကားစက်ရုံများကိုလည်း အီးဗီများ အမြောက်အမြား ထုတ်လုပ်နိုင်စေဖို့ အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source: koreatimes

Read 2661 times