ဟွန်ဒိုင်း ၃ လတာ အသားတင်အမြတ် ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံ ရရှိ


ဟွန်ဒိုင်း ၃ လတာ အသားတင်အမြတ် ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံ ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တောင်ကိုရီးယားမှ  Hyundai Motor က ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာတွင် အသားတင်အမြတ် ဒေါ်လာ ၂.၃၆ ဘီလီယံ ရရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်ပါသည်။
၎င်းတတိယ၃လပတ်တွင် အမြတ်အစွန်းများသည့် SUV များ ရောင်းအား ခိုင်မာခြင်း၊ ဝမ်နှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ဝမ်အားပျော့နေခြင်းတို့ကြောင့် အသားတင်အမြတ်ပမာဏ မြင့်တက်ခဲ့သည်ဟု ဆိုပါသည်။

 
ဟွန်ဒိုင်းသည် ယမန်နှစ် ၃ လပတ်တွင် အသားတင်အမြတ် ဝမ် ၁.၃ ထရီလီယံ ရရှိခဲ့ပြီး ယခု ဇူလိုင် - စက်တင်ဘာ တတိယ၃လပတ်တွင် အသားတင်အမြတ် ဝမ် ၃.၂ ထရီလီယံ (ကန်ဒေါ်လာ ၂.၃၆ ဘီလီယံ) ရရှိခဲ့သဖြင့် ၁၅၁% ပိုများပါသည်။


ယခု လက်ရှိ သုံးလပတ်တွင် ကားဝယ်ရန် ဘဏ်ချေးငွေ အတိုးနှုန်း မြင့်နေခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုများလာခြင်း၊ ဝယ်လိုအား လျော့ကျနေခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 937 times