၂၀၂၄ ခုနှစ်တွင် ရောင်းအား လျော့ကျမည်ဟု ဟွန်ဒိုင်း ခန့်မှန်း 


၂၀၂၄ ခုနှစ်တွင် ရောင်းအား လျော့ကျမည်ဟု ဟွန်ဒိုင်း ခန့်မှန်း 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၄ ခုနှစ်တွင် ဘဏ်ချေး‌ငွေ အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကဲ့သို့သော စီးပွားရေး အခြင်းအရာများကြောင့် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍ ရောင်းအားအတွက် အခက်အခဲများ ရှိနေဦးမည်ဖြစ်သဖြင့် တောင်ကိုရီးယားမှ Hyundai Motor သည် ယခုနှစ်တွင် အရောင်းလျော့ကျမည်ဟု ခန့်မှန်းထားသည်။

 

Hyundai နှင့် Kia  တို့သည် ရောင်းအားအရ ကမ္ဘာ့တတိယ အကြီးဆုံး ကားထုတ်လုပ်သူ ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စတုတ္ထသုံးလပတ်တွင် အမြတ် ၃၁% မြင့်တက်ခဲ့သည်။  အမြတ် ဝမ် ၂.၂ ထရီလီယံ (ကန်ဒေါ်လာ ၁.၇ ဘီလီယံ) ရရှိခဲ့သည်။ 

 

ဒီဇင်ဘာလတွင် ဟွန်ဒိုင်းသည် ရုရှားမှ ကားစက်ရုံ ရောင်းချရာ၌ ဝမ် ၂၈၇ ဘီလီယံ (ကန်ဒေါ်လာ ၂၁၉ သန်း) အရှုံးပေါ်ခဲ့သည်။ ၎င်းစက်ရုံသည် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခြင်းကြောင့် ထုတ်လုပ်မှု ရပ်ထားရသည်မှာ ၂၀၂၂ ခုနှစ် မတ်လကတည်းက ဖြစ်သည်။ 

 

Source reuters


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 179 times