Hyundai Motor က  NFT များ ထုတ်လုပ်သည့် ပထမဆုံး ကားထုတ်လုပ်သူ ဖြစ်လာ


Hyundai Motor က  NFT များ ထုတ်လုပ်သည့် ပထမဆုံး ကားထုတ်လုပ်သူ ဖြစ်လာ

NFTs (non-fungible tokens) ခေတ်ရေစီးကြောင်း စန်းထနေတဲ့အထဲသို့ Hyundai Motor က မောင်းဝင်လိုက်ပြီး လူမှုအသိုင်းအဝိုင်းအခြေပြု  NFTs များ ထုတ်လုပ်ပေးသည့် ပထမဆုံး ကားထုတ်လုပ်သူ ဖြစ်လာပါတယ်။
Hyundai Motor က သွားလာမှု နည်းလမ်းများကို ထင်ဟပ်ပြသတဲ့ NFT များ ထုတ်လုပ်သွားမယ်လို့ ဧပြီလ ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

ထို့ပြင် Hyundai Motor က ရုပ်ရှင်ကားတို တစ်ခုကိုလည်း ဖန်တီးမှာ ဖြစ်ပါတယ်။ NFT brand တစ်ခုဖြစ်တဲ့ ‘Meta Kongz’ နှင့် အတူလက်တွဲပြီး Hyundai Motor အတွက် NFT များ ဖန်တီးထုတ်လုပ်ပုံကို မှတ်တမ်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 


အရေအတွက်ကန့်သတ် ထုတ်လုပ်မယ့် ‘Hyundai x Meta Kongz’ ၃၀ ခု ကို ဧပြီလ ၂၀ ရက်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ 
Hyundai Motor က ၎င်းရဲ့ NFT Universe ကို ချဲ့ထွင်သွားဖို့လည်း အစီအစဉ် ရှိပါတယ်။

 

 

Read 926 times