ကိုးရီးယားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Hyundai ကားကုမ္ပဏီ၏ Shwe Daehan ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံဖွင့်ပွဲနှင့် Accent ကားမိတ်ဆက်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့က Hyundai Motor Myanmar Showroom တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကိုရီးယားသံအမတ်ကြီး နှင့် Hyundai Myanmar ၏တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။
ယင်းပွဲတွင် Shwe Dahan Motors နှင့် KB Kookmin Card သည် မြန်မာနိုင်ငံ၏ ကားရောင်းဝယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးချစ်ကြည်ရေးအတွက် MOU စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ KB Kookmin Card သည် ကိုရီးယားနိုင်ငံတွင် အရစ်ကျချေးငွေဝန်ဆောင်မှုနှင့် Credit Card အစရှိသည့် ဝန်ဆောင်မှုများကိုလုပ်ကိုင်လျှက်ရှိ၍ ယနေ့အချိန်အထိ သုံးစွဲသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းလာသည့် ငွေကြေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် KB Kookmin Card နှင့် Shwe Daehan Motors နှင့်အပြန်အလှန် သဘောတူစာချုပ်ချုပ်ဆိုခြင်းဖြင့် မြန်မာနိုင်ငံသားများသည် အရည်အသွးမြင့်သော မော်တော်ကားများကို သက်သာစွာ ဝယ်ယူနိုင်ရန်အတွက် ခေတ်မှီသာ ချေးငွေလုပ်ငန်းဝန်ဆောင်မှုကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ထို့အပြင်မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အဓိကအချက်ဖြစ်သော SME အစရှိသည်တို့အတွက် Truck နှင့် လုပ်ငန်းသုံး အသေးစားကားများကို တင်ပို့နိုင်ရန်အတွက် အရစ်ကျချေးငွေလုပ်ငန်းများကိုလည်း အင်တိုင်အားတိုက်လုပ်ဆောင်၍ မြန်မာနိုင်ငံ၏ စီးပွားရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားပါမည်ဟု ပြောကြားခဲ့ပါတယ်။

ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်ကားများကို လာမည့်နှစ်များတွင် အထူးအခွင့်အရေးနှင့် ရန်ကုန်လိုင်စင်ပေးရန် စီစဉ်နေကြောင်း၊ အထူးအခွင့်အရေးပေးမည့် အစီအစဉ်ကို မကြာမီထုတ်ပြန်ရန် ရှိပြီး ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းနေကြောင်းပြောကြားခဲ့ပါတယ်။ အိမ်စီးကားများ အပြင် ဘတ်စ်ကား၊ ကုန်တင်ယာဉ်များ အပါအဝင် Hyundai ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး အလုံးစုံ မော်တော်ယာဉ်ထုတ်လုပ်မှုဆောင်ရွက်နိုင်မည့် အခြေအနေကို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
Hyundai(Accent) ကားအမျိုးအစားတပ်ဆင်ထုတ်လုပ်မည့် Shwe Daehan အပါအဝင် ကုမ္ပဏီ ၁၀ ခုသည် မြန်မာနိုင်ငံတွင်လုပ်ငန်းစတင်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ကားတပ်ဆင်ထုတ်လုပ်ရန် ခွင့်ပြုချက်ရယူထားသည့် ကုမ္ပဏီက ခုနစ်ခုရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းကားဈေးကွက်သည် ကားအသစ်များနှင့်အဟောင်းများအကြား ဈေးကွက်ပုံစံနှစ်မျိုးရှိလာကြောင်း၊ အဟောင်း ရောင်းချသည့် အရောင်းစင်တာများက အသစ်များရောင်းချနိုင်ရန် ပြောင်းလဲပြင်ဆင်မှုများ ဆောင်ရွက်နေရသည်ဟု ကားအရောင်းပြခန်း ပိုင်ရှင်အချို့ကပြောကြားခဲ့ပါတယ်။

‘‘ဈေးကွက်ထဲမှာ ကားအသစ်ကို တောင်းဆိုမှုက တိုးလာတယ်’’ ဟု မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောပါတယ်။ အစိုးရ၏ ဘယ်မောင်းမူဝါဒနှင့် မော်ဒယ်သတ်မှတ်ချက်များအပြင် ကားအသစ်ဈေးနှုန်းများက ဈေးကွက်ပုံစံပြောင်းလဲ စေသည်ဟု အရောင်းပြခန်းပိုင်ရှင်အချို့က ပြောပါတယ်။ ‘‘ဒီနှစ်ထဲမှာတော့ ကား ဟောင်းဈေးကွက်က ဆက်ရှင်သန်နေဦးမှာပဲ’’ ဟု Perfect Auto ကားအရောင်းပြခန်းပိုင်ရှင် ဒေါက်တာပြည့်စုံကလည်းပြောပြခဲ့ပါတယ်။ လက်ရှိ ကားဟောင်းဈေး ကွက်တွင် ကျပ်သိန်း ၁၃၀ ခန့်မှ သိန်း ၃၀၀ ခန့်အကြားဈေး ရှိသော ကားအမျိုးအစားအချို့ ဈေးကွက်တွင် အရောင်းအဝယ်ရှိသည်ဟု ၎င်းကပြောသည်။ ကျပ်သိန်း ၅၀၀ ကျော်မည်ဆိုပါကကားအသစ်များကိုသာ ဈေးကွက်တောင်းဆိုမှုပိုများသည်ဟု ဆိုပါတယ်။
Automobile Directory