Hyundai Motor Myanmar မှ ကားအမျိုးအစား ၆ မျိုးကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
Hyundai Motor Myanmar မှ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် Grand i10 ၊ Accent ၊ Creta တို့နှင့် CBU ဖြင့် တင်သွင်းထားသော Santafe ၊ Sonata ၊ H1 စသည့် ကားများကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချမည် ဖြစ်သည်။ Hyundai Road Show ကို မေ ၃ ရက်မှ ၅ ရက်အ ထိ Ocean Super Center (လှိုင်သာယာ)တွင် ပြုလုပ်မည်ဖြစ်ပြီး Grand i10 ၊ Accent ၊ Creta ၊ H1 တို့ကို ပြသရောင်းချ မည်ဖြစ်သည်။ ထိုပွဲအပြီး ဒုတိယပွဲ အဖြစ် မေ ၁၃ ရက်မှ ၁၄ ရက်အထိ Myanmar Plaza တွင် Grand i10 ၊ Accent တို့ကို ပြသရောင်းချ မည်ဖြစ်သည်။ တတိယပွဲအဖြစ် မေ ၁၇ ရက်မှ ၁၉ ရက်အထိ Junction Square တွင် Grand i10 ၊ Accent ၊ Creta တို့ကို ပြသရောင်းချမည်ဖြစ်ပြီး စတုတ္ထပွဲအ ဖြစ် မေ ၂၃ မှ ၂၆ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပပြု လုပ်မည့် Korea Expo 2019 တွင် Grand i10 ၊ Accent ၊ Santafe ၊ Sonata တို့ကို ပြသ ရောင်းချမည်ဖြစ်သည်။
“ဒီလထဲမှာ Hyundai Road Show ကို မတူညီတဲ့နေရာလေးခု မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Santafe ကို Promotion ကာလ အတွင်း အထူးလျှော့ဈေးနဲ့ ရောင်း ပေးမှာဖြစ်ပြီး တခြားကားအမျိုးအ စားတွေကိုလည်း အထူးအစီအစဉ် တွေနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်”ဟု Hyundai Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
Road Show အထူးအစီ အစဉ်ဖြင့် ကားအမျိုးအစား ၆ မျိုး ကို ရောင်းချရာတွင် Santafe ကို နယ်လိုင်စင်ဖြင့် ဝယ်ယူပါက အ မေရိကန်ဒေါ်လာ ၉၉၀၀ ဈေး လျှော့ရောင်းချပေးမည်ဖြစ်ပြီး ရန် ကုန်လိုင်စင်ဖြင့် ဝယ်ယူပါက အ မေရိကန်ဒေါ်လာ ၁၀၀၀ ဈေး လျှော့ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။