Hyundai Motor Myanmar ၏ ကားတပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းအသစ် Shwe Daehan Motors ဖွင့်လှစ်မည်


မြန်မာနိုင်ငံတွင် Hyundai Motor၏ တစ်ဦးတည်းသော ကိုယ်စားလှည်ဖြစ်သည့် Hyundai Motor Myanmar သည် ၎င်း၏ ကားတပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းအသစ် Shwe Daehan Motors ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Accent ကားမိတ်ဆက်ခြင်းအခမ်းအနား ကို Hyundai Showroom တွင် ဖေဖော်ဝါရီ လ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

Shwe Daehan Motors Factory သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်တွင် တည်ရှိပြီး SKD စနစ်ကို အသုံးပြုလျက် Hyundai ကားများ ကို ထုတ်လုပ်သွားမည်ဖြစ်သည်။

Accend မော်ဒယ်အသစ်သည် Sedan ကားပုံစံမျိုးဖြစ်ကာ 6-speed automatic transmission 1.4 liter ဆလင်ဒါလေးလုံး အင်ဂျင်တပ်ဆင်ထားသည်။

Rear Disc breaks လေအိတ် ၆ လုံး၊ Electrochromic Mirron၊ အသံဖြင့် ထိန်းချုပ်နိုင်သည့် စတီယာရင်၊ ဘလူးတုသ်တို့ ပါဝင်သည်။

ဆွဲဆောင်မှုရှိသော အတွင်းပိုင်း အပြင်အဆင်ရှိကာ Navigation system ၊ Touchscreen ၊ ဘလူးတုသ်စနစ် ၊ ဝိုင်ဖိုင်တို့ကိုလည်း တပ်ဆင်ပေးထားပြီး စမတ်နည်းပညာများလည်း တပ်ဆင်ပေးထားသည်။

 

Read 924 times