Hyundai Motor က Kona မော်ဒယ် SUV မိတ်ဆက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Hyundai Motor က အင်္ဂါနေ့ (ဒီဇင်ဘာ ၂၀) မှာ Kona မော်ဒယ် SUV အသေးစားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ လာမယ့် နှစ်ဆန်းပိုင်းမှာ တောင်ကိုရီးယား ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။
Kona မော်ဒယ်အသစ်က ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ Kona ပထမမျိုးဆက်ကို ၂၀၁၇ ဇွန်လမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။
Kona မော်ဒယ်အသစ်ကိုဗားရှင်း ၄ မျိုးဖြင့် ထုတ်လုပ်ပါတယ်။
လျှပ်စစ်ကားစစ်စစ်၊
ဓာတ်ဆီအင်ဂျင်၊
ဓာတ်ဆီအင်ဂျင် ဟိုက်ဘရစ်၊
ပြိုင်ကားဆန်ဆန် N Line တို့ဖြစ်ပြီး တောင်ကိုရီးယား ဈေးကွက်အတွက် ထုတ်လုပ်ပါတယ်။
N Line မော်ဒယ်က Hyundai ရဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ N brand နှင့် Hyundai ရဲ့ သာမန် brand တို့ရဲ့ ကြားမှာ ရှိတဲ့မော်ဒယ် ဖြစ်ပါတယ်။
Source Yonhap